အောင်မြင်တဲ့ ယောကျာ်းတစ်ယောက်ရဲ့ နောက်ကွယ်မှာ အစစအရာရာ ဂရုတစိုက်ပံ့ ပိုးပေးတဲ့ ချစ်စရာ အိမ်သူသက်ထား ဇနီး အဖြစ် ထက်မြက်တဲ့ မိန်းမတစ်ယောက် အမြဲ ရှိစမြဲပါ။ အဆိုတော် အာဇာနည်လို City FMမှာ နှစ်စဉ်နှစ်တိုင်း ဆုတွေ တက်ယူနိုင်ခဲ့အောင် ယနေ့ထိ အောင်မြင်အောင် အစစအရာရာ ပံ့ပိုးပေးခဲ့တဲ့ သူကတော့ ဇနီးချော ဝမ်း လို့ ဆိုရင် မမှားပါပါဘူးနော်။ အာဇာနည် ရယ်လို့ တတိုင်းပြည်လုံး မသိခင်ကတည်း ချစ်သူတွေဖြစ်ကာ မိဘတွေ သဘောမတူတဲ့ ကြားက နှစ်ဦး သဘောတူ လက်ထပ် ခိုးပြေးခဲ့ကြတဲ့နောက် အခက်အခဲတွေများစွာ သူတို့ ချစ်သူနှစ်ဦး အနေနဲ့ကြုံတွေ့ခဲ့ရမှာပါ။

အချစ်တစ်ခုတည်းကြောင့် စွန့်စား ခဲ့တဲ့ သူတို့ရဲ့ သတ္တိကို ချီးကျူးမိသလို ယနေ့တိုင် အချစ်အခင်မပျက်၊ သားလေး (၂)ယောက်ရတဲ့ ထိ  အိမ်ထောင်ရေးသာယာခိုင်မြဲပြီး ချစ်လို့မဝ နိုင်ရှိနေဆဲ ဖြစ်ပါတယ်။အောက်တိုဘာလတုန်းကတော့ သူတို့ရဲ့ အိမ်ထောင်သက် (၁၅)နှစ် Crystal Anniversary  နှစ်ပတ်လည်လေးအဖြစ် အထိမ်းအမတ် အမှတ်တရပွဲလေးကို Lotte Hotelမှာ ကျင်းပခဲ့ပြီး ခုဆိုရင်တော့  အာဇာနည်နဲ့ ဇနီးချော လေး ဝမ်းတို့က ပျားရည်ဆမ်း ခရီးလေးအဖြစ်သာမက အလုပ်ကိစ္စအနေနဲ့ မြန်မာနိုင်ငံရဲ့ အလှဆုံးနေရာလေးဖြစ်တဲ့ ကော့သောင်းကို ခရီးသွားနေကြတာဖြစ်ပါတယ်။

ခရီးပမပန်းအောင် လေယာဉ်ခရီးလေးနဲ့ သွားတာမို့ လေဆိပ်မှာ ကတည်းကနေ လေယာဉ်ခရီးစဉ်စတဲ့ ထိ စကားမပြောဘူး ဆိုပြီး ဝမ်းတစ်ယောက် စိတ်ကောက်နေပါသတဲ့။ နောက်ဆုံး လှပတဲ့ ပင်လယ်ပြင်ကြီးရဲ့ အလှနဲ့ ကော့သောင်း မြို့ ကို ရောက်ခါမှ ဇနီးချော ဝမ်းက စိတ်ပြေသွားခဲ့တာမို့ ရော်ကာကြီးတစ်ယောက် သက်ပြင်းချသွားနိုင်ပါတော့ပါတယ်။စိတ်ကောက်ပြေပြီး ပြန်လည်အဆင်ပြေသွားပြီဆိုတဲ့ အကြောင်းလေး Facebookကနေ အမှတ်တရ မျှဝေထားသလို ကလေးတွေလို ခုထိ စိတ်ကောက်နေတဲ့ သူတို့ အတွဲလေးကလည်း ချစ်စရာလေးနော်?

source: Zarni MyoNaunt;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။