သရုပ်ဆောင်နေဒွေးတစ်ယောက် မင်းသမီးပိုးအိအိခန့်ကို စနောက်လိုက်တာပဲဖြစ်ပါတယ်။ ပိုးအိအိခန့်ရဲ့ချစ်သူ အောင်သူတစ်ယောက် လတ်တလောမှာ Police Tero အသင်းမှာ ရှေ့တန်းကစားသမားအဖြစ်နဲ့ ပါဝင်နေတာပဲဖြစ်ပါတယ်။ ဒီည 7 နာရီမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ လာအိုနဲ့မြန်မာပွဲစဉ်မှာလည်း အောင်သူ တစ်ယောက် အပြတ်အသတ်ခြေစွမ်းပြခဲ့ပြီး မြန်မာအတွက်တာဝန်ကျေခဲ့ပြီပဲဖြစ်ပါတယ်။ 

ပိုးအိအိခန့်ဟာတက်သစ်စမင်းသမီးတစ်လက်ဖြစ်ပြီး အောင်သူဟာလည်း နာမည်ကျော်ဘော လုံးသမားတစ်ယောက်ဖြစ်ပါတယ်။ နှစ်ယောက်သားရဲ့ အချစ်ရေးကတော့ လတ်တလောမှာ အဆင်ပြေပြေနဲ့ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမရင်း ကြည်နူးစရာ ကောင်းတဲ့အချစ်ကမ္ဘာလေးကို ဖန်တီးထားကြတာပဲဖြစ်ပါတယ်။ အနေဝေးနေလည်း Video Call လေးတွေနဲ့ အလွမ်းဖြေနေကြတဲ့ သူမတို့နှစ်ယောက်ရဲ့ Relationship Life လေးက တကယ်ကိုသာသာယာယာပါပဲ။

လတ်တလောမှာတော့နေဒွေးတစ်ယောက် ပိုးအိအိခန့်နဲ့အတူဇာတ်ကားရိုက်ကူးနေတာဖြစ်ပြီး နှစ်ယောက်သားရဲ့ ရှုတင်ကပုံရိပ်လေးကို " ဒီနေ့ မြန်မာအသင်း နိုင်ဖို့ ရှုတင်မှာသူ့ကိုဖားနေရတယ် သူသွားရစ်ရင် ဟိုကဂိုးမသွင်းနိုင်မှာစိုးလို့ " ဆိုပြီး စနောက်ခဲ့ပြီး ဘောလုံးပွဲအပြီးမှာတော့ " တော်သေးတာပေါ့ ပိုးအိအိခန့် ကိုတနေ့လုံး သူစားချင်တာတွေ သောက်ချင်တာတွေ အကုန်ဝယ်ကျွေးထားမိလို့ မြန်မာအသင်းနိုင်ဖို့ အရေးကြီးတယ် ပိုက်ပိုက်က ပြန်ရှာရလွယ်တယ် " ဆိုပြီး ထပ်မံစနောက်ထားတာပဲဖြစ်ပါတယ်။ အမြဲတမ်းပျော်ပျော်နေတတ်ပြီး စနောက်တတ်တာကတော့ နေဒွေးရဲ့ချစ်စရာကောင်းတဲ့ အကျင့်လေးတစ်ခုပါပဲ။

Photo - Nay Dway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။