MRTV - 4 ဇာတ်လမ်းတွဲတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ မင်းသား စည်သူဝင်းနဲ့ မင်းသမီး နန်းစန္ဒာလှထွန်းတို့က လတ်တလောမှာ ပင်းတယမြို့လေးကို အတူတူခရီးထွက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကိုယ်စီဇာတ်လမ်းတွဲတွေနဲ့ လူသိများလာခဲ့တဲ့ သူတို့နှစ်ဦးက ယနေ့တိုင်အောင် ဇာတ်ကားတစ်ကားထဲမှာ အတူတူသရုပ်ဆောင်တာမျိုး မရှိသေးပါဘူး။ အခုတော့ သူတို့နှစ်ယောက်ရဲ့ ခရီးသွားပုံရိပ်လေးတွေက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး ဆင်တူအင်္ကျီလေးတွေ ကိုယ်စီဝတ်ဆင်ထားတာကြောင့်ပရိသတ်တွေက အံ့အားသင့်နေရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက သူတို့နှစ်ယောက်က MRTV -4 က အနုပညာရှင်တွေနဲ့အတူ ပင်းတယမှာရှိတဲ့ ရေပြာအိုင်ကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။ ကိုယ်စီ Facebook မှာ ရေပြာအိုင်နဲ့တွဲရိုက်ထားတဲ့ပုံလေးတွေကို တင်ခဲ့ကြပေမယ့် အခုလိုစုံတွဲပုံလေးတွေကိုတော့ ထုတ်မပြခဲ့ပါဘူး။ အခုလည်း Couple အင်္ကျီဆင်တူ၊ ဖိနပ်ဆင်တူလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ညီနေကြတဲ့ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် စနောက်ရင်း ကြည်နူးနေကြတာ တွေ့ရပါတယ်။ အခုလို ထွက်ပေါ်လာတဲ့ စုံတွဲပုံလေးကြောင့် ပရိသတ်တွေကတော့ ချစ်သူစုံတွဲတွေအဖြစ် ထင်ကြေးပေးနေကြပြီ ဖြစ်ပါတယ်။ 

ဒီစုံတွဲပုံလေးတွေနဲ့ ပတ်သက်ပြီး သူတို့နှစ်ဦးက တိကျတဲ့ဖြေရှင်းမှုမျိုး မပြုလုပ်သေးတာကြောင့် ဇာတ်လမ်းတွဲရိုက်ကွင်းက ပုံရိပ်တွေလား၊ တကယ့်ချစ်သူစုံတွဲတွေလား ဆိုပြီး အားလုံးက ဝေခွဲမရဖြစ်နေရပါတယ်။ ဒါပေမယ့် စည်သူဝင်းကတော့ ဒီပုံလေးတွေရဲ့အောက်မှာ ''ပါပါရာဇီး အယ်ဖရီး ဝဲ'' ဆိုပြီး ပြန်ပြောထားတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အနုပညာရှင်စုံတွဲလေးတစ်တွဲ ထွက်ပေါ်လာမလားဆိုတာ ရင်ခုန်ရင်းနဲ့ သူတို့နှစ်ဦးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Talent Management Center;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။