အိမ်မီးလောင်တဲ့ထဲ ပါသွားတဲ့ ဇာတ်ပို့သရုပ်ဆောင် လူကြမ်းမင်းသားကြီးကို သွားရောက်ကူညီခဲ့ကြတဲ့ အနုပညာရှင်တွေ

တောင်ဥက္ကလာ (၉) ရပ်ကွက်မီးလောင်မှုမှာ နေအိမ်မီးလောင်ဆုံးရှုံးသွားခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် ကိုညီညီမင်းကို လူရွှင်တော် ကောင်းကျော်တို့အဖွဲ့မှ သွားရောက်ကူညီခဲ့ပြီး အခြားအနုပညာရှင်များမှ ကူညီခဲ့တယ်လို့ သိရပါတယ်။

နေအိမ်မီးလောင်ရာမှ ဘာပစ္စည်းမှမရလိုက်ဘဲ အနှစ်နှစ်အလလက စုဆောင်းထားတဲ့ ရှုတင်အဝတ်အစားတွေလည်း အကုန်ပါသွားပြီး ရှေ့ဆက်ရုပ်ရှင်ဆက်ရိုက်ဖို့ အကျင်္ ီ ီတောင်မရှိဖြစ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းဟာ ပရိသတ်တွေရင်ထဲကို စိတ်မကောင်းဖြစ်စေခဲ့ပြီး အနုပညာရှင်တွေအနေနဲ့ အချင်းချင်းရိုင်းပင်းကူညီကြဖို့လည်း တိုက်တွန်းနှိုးဆော်သံတွေ တွေ့ခဲ့ရပါတယ်။

လူရွှင်တော် ကိုကောင်းကျော်တို့ ပါဝင်ဖွဲ့စည်းထာတဲ့ အင်ပါယာအဖွဲ့က ၁ သိန်းကျပ်လှူဒါန်းခဲ့ပြီး ကိုကောင်းကျော်က နှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပေမဲ့ အနုပညာရှင်တွေအားလုံး ပူးပေါင်းလှူဒါန်းလိုက်ရင် နှမ်းစေ့များစွာကနေ ဆီ ဖြစ်နိုင်ပါတယ် ဆိုပြီး တိုက်တွန်းနှိုးဆော်ထားတာတွေ့ရပါတယ်။ သရုပ်ဆောင် ကျော်ကျော်ဗိုလ်ပါဝင်တဲ့ နှင်းဆီရင်ခွင် ဖောင်ဒေးရှင်းမှ မီးဘေးသင့်ခဲ့တဲ့ မင်းသားတင်မောင်ဆန်းမင်းဝင်းနှင့် သရုပ်ဆောင် ကိုညီညီမင်းတို့ကို သွားရောက်အားပေးကာ အလှူငွေ ငါးသိန်းဆီလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် အလှူအတန်းလက်မနှေးတဲ့ ကိုဝေဠုကျော်ရဲ့ ဖောင်ဒေးရှင်းမှလည်း ကိုညီညီမင်းအား အလှူငွေ ငါးသိန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကိုညီညီမင်းဟာ တောင်ဥက္ကလာ (၉) ရပ်ကွက် သူရလမ်း သာသနဝန်ဆောင် လူထုဓမ္မာရုံ မီးဘေးကယ်ဆယ်ရေးစခန်းမှာ ယာယီနေထိုင်နေတယ်လို့ သိရပါတယ်။

Source: Social Media

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။