လတ်တလောမှာ နာမည်ကြီးသလို လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ ရုပ်ရှင်ကြီးဖြစ်တဲ့ "မီ" ရုပ်ရှင် ကတော့ ရုံတင်ပြသနေဆဲ ဖြစ်ပါတယ်။ဇာတ်ဝင်ခန်းတွေဟာ 1950 ခုနှစ် ၊ အင်္ဂလိပ်စစ်ပြီးခေတ်ကို အမှားအယွင်းမရှိအောင်  အတိအကျပုံဖော်ထားပြီး အထက်တန်း ကျကျ ၊အနောက်တိုင်းဆန်ဆန် နေထိုင်တတ်တဲ့ "မီ" ဆိုတဲ့  မြန်မာအမျိုးသမီး  မိန်းမပျိုတစ်ဦးရဲ့ ဘဝဇာတ်ကြောင်းနဲ့ အတူ ချစ်လွန်းရချည်ရဲ့ ဆိုပြီး မီဘေးက ဝန်းရံနေတဲ့ ယောကျ်ားထုတွေထဲက မှ မီအချစ်ကိုရရှိခဲ့တဲ့ "ကိုသော်ဆွေ"တို့ရဲ့ ဝမ်းနည်းဖွယ်အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။

ဝတ္ထုစာရေးဆရာမကြီး ကြည်အေးရဲ့ စာအုပ်ကို ဝယ်ယူခဲ့ပြီး ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းခဲ့သူကတော့ ဒါရိုက်တာဏကြီးဖြစ်ပါတယ်။ ဒါရိုက်တာ ဏကြီးကတော့ မြန်မာနိုင်ငံရဲ့ အရည်အချင်းရှိတဲ့ လူငယ်ဒါရိုက်တာတွေထဲကတစ်ဦးဖြစ်သလို လက်ရှိမှာ မင်းသမီးချော ပိုင်ဖြိုးသု နဲ့ စေ့စပ်ထားတဲ့ သုသု ရဲ့ ချစ်သူလည်း ဖြစ်ပါတယ်။ ရုပ်ရှင် တစ်ခုလုံးရဲ့ အသက်ဖြစ် တဲ့ မီ ဇာတ်ကောင်ကိုတော့ သုသု ကိုယ်တိုင် သရုပ်ဆောင်ထားပြီး ကိုသော်ဆွေ အဖြစ် အကယ်ဒမီ နေတိုးက သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းနဲ့ ဇာတ်ညွန်းတစ်ခုလုံးကို သေချာပြန်လည်ရေးသားပြီး စာဖတ်သူ စာအုပ်ရသလည်း မပျက်စီးအောင်၊ရုပ်ရှင်ကြည့်သူ အနေနဲ့လည်း ခံစားချက်ရသ မပေါ့သွားအောင် ရှေးကျတဲ့ 1950 ခုနှစ်လောက်ကို သမိုင်းပြန်ပြီးရိုက်ကူးရတာအတော် ခက်ပါတယ်။ ရုပ်ရှင်ကြည့်ရှူသူတွေဟာ အနုပညာကို ခံစားသူတွေ ဖြစ်သလို တဖက်မှာ ဝေဖန်သူတွေဖြစ်တာကြောင့်  အမှားအယွင်းမရှိပဲ ရိုက်ကူးပြနိုင်တဲ့ ဇာတ်ဝင်ခန်းလေးတွေကြောင့် ကိုဏကြီး ကိုလည်း ချီးကျူးစရာဖြစ်ပါတယ်။

လူကောင်းလူတော် တစ်ဦးကို သုသုတစ်ယောက် ချစ်သူတော်ထားရပေမဲ့ " ကိုကိုကလေ စိတ်ကောက်နေတာတောင်မသိဘူး၊ အရိပ်ပြနေရင် အကောင် မမြင်ဘူး၊ အကောင်လိုက်ပြရင်တောင် အရိပ်သေးသေးလေးပဲ မြင်တယ်၊ စကားသွားပြောတာ အဖက်တောင်မလုပ်ဘူး " လို့  ရိုက်ကွင်းမှာ စိတ်ကောက်ခဲ့တဲ့ပိုင်ဖြိုးသုက  ဆိုထားပါတယ်။ မီ ရိုက်ကွင်း တစ်ခုလုံးမှာ ချစ်သူရည်းစားမှန်း မသိသာလောက်အောင်  တစ်ယောက်ကိုတစ်ယောက် တိတ်တခိုးလေး  ဂရုစိုက်နေခဲ့ကြပြီး စိတ်ကောက်နေတဲ့ သုကို ပြန်ချော့တဲ့ ပုံရိပ်လေးတွေနဲ့ အတူ သူတို့ချစ်သူနှစ်ဦး ရဲ့ အမှတ်တရ  Video File လေးကိုပြန်လည်မျှဝေလိုက်ပါတယ်နော်။

source: မီ ရုပ်ရှင်ဇာတ်ကားကြီး ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။