"မုန်းစွဲ'' ရုပ်ရှင်ဇာတ်ကားကြီးကတော့ လတ်တလောမှာ မသိသူမရှိလောက်အောင် အောင်မြင်မှုတွေနဲ့ နာမည်ရနေတဲ့ ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ နေတိုး၊ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးသောင်းတို့က အရင်ကထက် ထူးခြားကောင်းမွန်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်ကို အကောင်းဆုံးဖြစ်အောင် ချပြနိုင်ခဲ့ကြပါတယ်။ ပါဝင်တဲ့သရုပ်ဆောင်တစ်ယောက်ချင်းစီက ကျရာဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်နဲ့ တာဝန်ကျေခဲ့ကြသလို မအေးသောင်းကလည်း ဒီဇာတ်ကားထဲမှာ မကြင်ဥဆိုတဲ့ အမျိုးသမီးနေရာကနေ သဘာဝအကျဆုံး ဖန်တီးပြနိုင်ခဲ့ပါတယ်။
မုန်းစွဲဇာတ်ကားကြီးမှာတော့ မကြင်ဥ(အေးသောင်း)ဆိုတဲ့ အမျိုးသမီးကတော့ ချစ်ခင်ပွန်းဖြစ်တဲ့ ထူးဇော်(နေတိုး)ကို ပြောမပြတတ်နိုင်အောင် ချစ်နိုင်လွန်းသူဖြစ်ပါတယ်။ လူဆိုးလူမိုက်တစ်ယောက်ဖြစ်တဲ့ ထူးဇော်ကို သူမအနေနဲ့ ကောင်းကောင်းဆိုးဆိုး ချစ်လွန်းလို့သူမကိုယ်တိုင်ရအောင် ယူခဲ့သူပါလို့ ကိုယ်တိုင်ဝန်ခံပြရဲတဲ့မိန်းမတစ်ဦးပဲ ဖြစ်ပါတယ်။ ဗိုက်ကြီးသည်ဖြစ်တဲ့ သူမက ခင်ပွန်းသည်ရန်ဖြစ်တယ်ဆိုပြီး အသံကြားရုံနဲ့တင် မမောနိုင်မပန်းနိုင်လောက်အောင် နေပူခံပြီး လိုက်ရှာတတ်တဲ့အထိ မကြင်ဥရဲ့အချစ်အပေါ် စွဲလန်းမှုကတော့ တကယ့်ကိုအံ့အားသင့်လောက်အောင်ပါပဲနော်။
လက်ရှိမှာ ရုံတင်ပြသနေပြီဖြစ်တဲ့ မုန်းစွဲရုပ်ရှင်ကားကြီးက အခုလည်း မကြင်ဥရဲ့ ခင်ပွန်းသည်အပေါ် မေတ္တာပိုပြနေတဲ့ ဇာတ်ဝင်ခန်းလေးတစ်ခုကို တင်ထားတာ တွေ့ရပါတယ်။ ဒီဗီဒီယိုလေးမှာတော့ မကြင်ဥရဲ့လူဆိုးခင်ပွန်းကို အသေးစိတ်ကအစ ဂရုတစိုက် မေတ္တာထားပုံနဲ့ ခင်ပွန်းကို အချွဲပိုနေတဲ့ ကြည်နူးစရာမြင်ကွင်းလေးကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မုန်းစွဲဇာတ်ကားမှ နေတိုး၊မင်းသွေး၊ မအေးသောင်းတို့ရဲ့ ဇာတ်ဝင်ခန်းဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော် ။ ပရိသတ်တွေလည်း လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် သွားရောက်ကြည့်ရှုဖို့ တိုက်တွန်းပေးလိုက်ပါရစေ။
Source: မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီး;
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။