အာစီယံဆူဇူကီးပြိုင်ပွဲတစ်ပွဲဖြစ်တဲ့လာအိုအသင်းနဲ့မြန်မာအသင်းတို့ပွဲစဉ်မှာမြန်မာအသင်းက(၁-၃)ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်အနိုင်ရခဲ့တာပါ။ဒီပွဲအနိုင်ကြောင့်မြန်မာအသင်းဟာအုပ်စုရဲ့အဆင့်၁နေရာမှာရပ်တည်ပြီးအုပ်စုတက်ဖို့အခွင့်ရေးတွေပိုင်ဆိုင်သွားခဲ့တာပါ။မြန်မာအသင်းဟာအဝေးကွင်းမှာသွားရောက်ကစားရတာဖြစ်ပေမယ့်လည်းမြန်မာအသင်းပရိတ်သတ်တွေကတော့ကွင်းထဲမှာလည်းအားပေးခဲ့ကြသလိုရန်ကုန်မြို့ပရိတ်သတ်တွေအနယ်နယ်အရပ်ရပ်ကပရိတ်သတ်တွေကလည်းရုပ်မြင်သံကြားအစီစဉ်တွေကနေအားပေးခဲ့ကြတာပါ။

ရန်ကုန်မြို့ကပရိတ်သတ်တွေကတော့ဆူးလေမှာLEDဖန်သားပြင်မှာတစ်ခဲနက်ကြည့်ရှူအားပေးခဲ့ကြတာပါ။ပရိတ်သတ်အမြောက်အမြားကတော့မြန်မာနိုင်ငံအလံတွေဝှေ့ယမ်းအားပေးခဲ့ကြတာပါ။ပြီးခဲ့တဲ့ကမ္ဘောဒီးယားနဲ့ပွဲတုန်းကလည်းခုလိုမျိုးအားပေးခဲ့ပြီးပွဲပြီးအချိန်မှာစည်းကမ်းရှိရှိအမှိုက်တွေကောက်ခဲ့တာကြောင့်နိုင်ငံတကာမီဒီယာတွေကချီးကျူးခဲ့ရတာဖြစ်ပါတယ်။

မြန်မာအသင်းဟာလာမယ့်၂၀ရက်နေ့အင်္ဂါနေ့မှာတော့အုပ်စုတွင်းအင်အားကြီးပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ဗီယက်နမ်အသင်းနဲ့ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အဆိုပါပွဲကိုတော့ရန်ကုန်မြို့သုဝဏ္ဏကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အဆိုပါပွဲစဉ်လက်မှတ်တွေကိုကြိုရောင်းခဲ့ပြီးပရိတ်သတ်တွေကတော့တစ်ခဲနက်ကြိတ်ကြိတ်တိုးဝယ်ယူနေကြတာပါ။အုပ်စုတက်ဖို့အတွက်အဆုံးဖြတ်ပေးမယ့်ပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာအသင်းနဲ့ဗီယက်နမ်အသင်းတို့ရဲ့ပွဲစဉ်ကိုလည်းကွင်းလုံးပြည့်လာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။