ဒီအဖြစ်ပျက်လေးက လွန်ခဲ့တဲ့ ၂ နှစ်ကစတင်ခဲ့တာပါ ။ အရမ်းကို ချစ်စရာကောင်းပြီး ဝတုတ်နေတဲ့ ရွှေဝါရောင်ကြောင်လေးနဲ့ မဟူရာရောင်ကြောင်လေး ၂ကောင်ဟာ ဂျပန်နိုင်ငံ အနောက်ပိုင်းမှာ ရှိတဲ့ ဟီရိုးရှီးမားမြို့ရဲ့ အနုပညာပြတိုက်ထဲကို ခိုးကြောင်ခိုးဝှက်ဝင်ဖို့ ကြိုးစားခဲ့တာ ၂နှစ်ခန့်ကြာပြီဖြစ်ပါတယ် ။

သူတို့ကို ကောင်းကောင်းမွန်မွန် မောင်းထုတ်ကြပေမယ့် လက်မလျှော့ဘဲ ပြတိုက်ထဲဝင်ဖို့ကြိုးစားနေတဲ့ သူတို့ရဲ့စိတ်အားထက်သန်မှုကြောင့် အွန်လိုင်းကတဆင့် တကမ္ဘာလုံးသိပြီး လူသိများတဲ့ကြောင်လေးတွေဖြစ်လာခဲ့ပါတယ် ။ ကြောင်ဓာတ်ပုံပြပွဲတစ်ခုမှာ လုံခြုံရေးကင်မရာတွေကတဆင့် ကြောင်လေးတွေရဲ့ တစ်ကိုယ်တော်ကြိုးစားမှုကို ရိုက်ကူးခဲ့တာဖြစ်ပြီး စိတ်ထားကောင်းတဲ့ အစောင့်တွေက သူတို့ကို ညင်ညင်သာသာဘဲ အထဲမရောက်ဖို့ ကာကွယ်ခဲ့ကြပါတယ် ။

ပြတိုက်ကိုစောင့်တဲ့ လုံခြုံရေးတွေကတော့ သူတို့ကြောင့် တော်တော်ကို အလုပ်များခဲ့တာပါ ။ သူတို့ဟာ တံခါး ရှေ့ မှာ ထိုင်ပြီး အထဲကိုပြေးဝင်ဖို့ အချိန်တိုင်းကြိုးစားနေခဲ့ပြီး ပြတိုက်ဝန်ထမ်းတွေက လိုက်ဖမ်းပြီး အပြင်ကို ပြန်ထုတ်နေကြရတာပါ ။ 

ကံကောင်းပါစေ ကြောင်လေးတွေရေ.. ။ တစ်နေ့တော့မင်းတို့ဒီထဲကို သေချာပေါက်ဝင်ခွင့်ရမှာပါ။

Source:  9GAG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။