ဆယ်တန်းစာမေးပွဲဖြေဆိုရာမှာ စီးလာတဲ့ အိစိကွေးရဲ့ ဖိနပ်ဂယက်
အိစိကွေးဆိုတာ မြန်မာပရိသတ်နဲ့ ရင်းနှီးပြီးသာ ကလေးသရုပ်ဆောင်တစ်ယောက်ပါ။ ကလေးသရုပ်ဆောင်ဆိုတာ အရင်တုန်းကပါ။ အခုတော့ အိစိကွေးတစ်ယောက် ဆယ်တန်းကျောင်းသားကြီးတောင်ဖြစ်လို့ ယခုနှစ် ဆယ်တန်းစာမေးပွဲကြီးမှာတောင် ဝင်ရောက်ဖြေဆိုနေပါပြီ။
သရုပ်ဆောင် အိစိကွေးက ဆယ်တန်းဖြစ်တာမို့ အနုပညာအလုပ်တွေ အကုန်ရပ်နားထားပြီး စာဖက်ကိုပဲ အာရုံစိုက်ထားတယ်လို့ အင်တာဗျုးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ လက်ရှိ စာမေးပွဲကြီးကိုတော့ အ.ထ.က (၁) သင်္ဃန်းကျွန်းမှာ ဖြေဆိုနေပြီး မြန်မာစာဘာသာရပ်နဲ့ ပတ်သတ်ပြီးတော့ ကျောင်းစာမေးပွဲမှာတည်းက အမှတ်ကောင်းတာမို့ သိပ်စိုးရိမ်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။ နာမည်ကြီး တစ်ယောက်ဖြစ်တာကြောင့် သတင်းမီဒီယာတွေထက်မှာ အိစိကွေး ရဲ့ စာမေးပွဲဖြေဆိုရန် ကျောင်းသို့ရောက်နေတဲ့ ပုံရိပ်တွေမြင်နေရပြီး ပရိသတ်တွေကြား သူစီးလာတဲ့ ဖိနပ်နဲ့ပတ်သတ်ပြီး စကားသံတွေ ထွက်ပေါ်နေပါတယ်။
အိစိကွေးက စီးလာတဲ့ဖိနပ်ကတော့ သာမန်ရိုးရိုး ကတ္တီပါဖိနပ်မျိုးကိုမှ သာမန်ထက် အတော်လေးထူနေတာကို တွေ့ရပါတယ်။ ဒီလို ဖိနပ်မျိုးဟာ ပွဲတက်တဲ့အခါမျိုးတွေမှာ စီးလေ့စီးထရှိပြီး ယခုလို စာမေးပွဲသို့ စီးလာတာဟာ ပရိသတ်တွေကြား အမြင်တစ်မျိုးဖြစ်စေခဲ့ပါတယ်။
ဒါပေမယ့် ဘယ်လိုဖိနပ်မျိုးပဲ စီးစီး အိစိကွေးလေးရဲ့ ပရိသတ်တွေပါဆိုတဲ့သူတွေကတော့ အိစိကွေး နောက်ဘာသာတွေမှာ အခက်အခဲမရှိဖြေဆိုနိုင်အောင် ဆုတောင်းပေးကြပါဦးနော်………
Source: Popular
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။