ယခုဖော်ပြထားတဲ့ လက်ရာရဲ့နာမည်ကတော့ တိမ်တံခါးပေါက်(Cloud Gate ) လို ့ခေါ်ပါတယ်။ အိန္ဒိယနွယ်ဖွား ဗြိတိန်အနုပညာရှင် Sir Anish Kapoor ဖန်တီးခဲ့တဲ့ အနုပညာလက်ရာတစ်ခုဖြစ်ပါတယ်။ ကောင်းကင်က တိမ်တွေကို ဒီအရာကနေ တိုက်ရိုက်မြင်နိုင်လို့ Cloud Gate လို့ပေးထားပေမယ့် လူအများစုကတော့ ပဲစေ့နဲ့တူတဲ့အတွက် The Bean,Chicago လို့သာ ခေါ်ကြပါတယ်။ 

အမေရိကန် ချီကာဂိုက Millennium ပန်းခြံမှာ ထားရှိပါတယ်။၂၀၀၄ ခုနှစ်နဲ့ ၂၀၀၆ခုနှစ်အတွင်းမှာ တည်ဆောက်ခဲ့ပြီး အမြင့် ၃၃ပေ ၊ အချင်း(တို) ၄၂ပေ ၊ အချင်း(ရှည်) ၆၆ပေ ရှိပါတယ်။ သံမဏိပြားပေါင်း ၁၆၈ပြားနဲ့ ဖန်တီးထားတာဖြစ်ပြီး အလေးချိန်အားဖြင့် တန် ၁၀၀ လေးပါတယ်။ 

ပဲစေ့ရဲ့အောက်ဘက်အခုံးကတော့ ၁၂ပေမြင့်ပြီး လူတွေဝင်ရောက်ကြည့်ရှု့နိုင်အောင်ဖန်တီးထားပါတယ်။ ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ လက်ရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ 

Source: Thutazone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။