မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Myanmar International Lighting Festival (2017) ပွဲတော်ကြီးကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်၌ မတ် ၁၉

ရက်မှ ဧပြီ ၃ဝ ရက်အထိ (သင်္ကြန်တွင်း ၅ရက်မှအပ) ရက်သတ္တခြောက်ပတ် ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

..

အဆိုပါပွဲတော်ကြီးကို DN Development Group(DNDG) မှ စီစဉ်ဖန်တီး ထားပြီး မိဘပြည်သူများ အပန်းဖြေနိုင်ရန်၊ နိုင်ငံတကာအဆင့်မီ ပွဲတော်

ကြီးတစ်ခုကို ပြည်တွင်း၌ ကြည့်ရှုခံစားနိုင်ရန်၊ ပွဲတော်၌ ထွန်းညှိပူဇော် ထားသည့် မီးရောင်စုံများ၏ အလှအပကို ကြည့်ရှုခံစားရင်း ဓာတ်ပုံရိုက်နိုင်ရန်၊ မိသားစုနှင့့်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်း များနှင့်ဖြစ်စေ လာရောက် အပန်းဖြေနိုင် သည့်အပြင် နွေရာသီကျောင်းပိတ်ရက်ဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ် ကလေးငယ်များ ပြည်သူ့ဥယျာဉ်သို့ အပန်းဖြေလာရောက်ရင်း စိတ်ဝင်စားဖွယ်ရာ မီးရောင်စုံပြကွက်များကို Myanmar International Lighting Festival ပွဲတော်ကြီး၌ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ပွဲတော်ကြီးကို ကျင်းပခြင်းဖြစ်သည်။

..

Myanmar International Lighting Festival ပွဲတော်ကြီးတွင် တင်ဆက်ပြသ မည့် မီးရောင်စုံပြကွက်များတွင် ပဲရစ်မြို့၏ အီဖယ်မျှော်စင်ကဲ့သို့ ကမ္ဘာကျော် အဆောက်အအုံများ၊ ဂျပန်နိုင်ငံမှ ဖူဂျီတောင်ကဲ့သို့ အထင်ကရနေရာများ၊ ချစ်စဖွယ်ရုပ်ပုံများ၊ တိရစ္ဆာန်များ၊ နာမည်ကျော် ဇာတ်ရုပ်ဇာတ်ကောင်များ စသည်ဖြင့်ပါဝင်ပြီး စုစုပေါင်းပြကွက် ၆ဝကျော်အား LED ပြကွက်မီးအလုံးပေါင်း သန်း ရဝ ကို အာဆီယံနှင့် တရုတ်နိုင်ငံများမှ ပညာရှင်များ၏ အကူအညီဖြင့် အလှဖန်တီးတင်ဆက်ပြသသွားမည်ဖြစ်သည်။

..

ထို့အပြင် ဖျော်ဖြေရေးအစီအစဉ်များ၊ အစားအသောက်နှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် အခြားသောစိတ်ဝင်စားဖွယ်ရာအစီအစဉ်များအပြင် ပွဲတော်၏ တရားဝင်လူမှုကွန်ရက်များနှင့် ချိတ်ဆက်ပြုလုပ်မည့် Selfie ပြိုင်ပွဲနှင့် အလှဓာတ်ပုံပြိုင်ပွဲများလည်း ထည့်သွင်းထားပြီး ဆုလက်ဆောင်များ ချီးမြှင့်သွားမည်ဖြစ်သည်။

..

DN Development Group(DNDG) ၏ပရောဂျက်ဒါရိုက်တာ ဦးဟိန်းထက်က ''ကျွန်တော်တို့အနေနဲ့ ဒီပွဲတော်ကြီးကို ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မိသားစုတွေ၊ ကျောင်းသူ ကျောင်းသားတွေ ကလေးသူငယ်တွေ နွေရာသီ အားလပ်ရက်မှာ လည်ပတ်စရာနေရာတိုးအောင်၊ ညဘက်တွေမှာ အပန်းဖြေနိုင်အောင် နိုင်ငံတကာမှာပြုလုပ်နေတဲ့ Lighting Festival တွေလိုမျိုး ထူးခြားဆန်းသစ်တဲ့ မီးရောင်စုံပြကွက်တွေကို LED မီးအလုံးပေါင်း သန်း ရဝ နဲ့ အလှဆင်ပြီးစီစဉ်ထားပါတယ်။ အလွန်စိတ်ဝင်စားစရာကောင်းပြီး မိဘပြည် သူတွေအနေနဲ့ စိတ်ကျေနပ်မှုအပြည့်အဝရရှိစေမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်'' ဟု ပြောကြားခဲ့သည်။

..

နိုင်ငံတကာတွင် နှစ်သစ်ကူးအကြိုအဖြစ် မီးရောင်စုံထွန်း Lighting Festival များအား ပြုလုပ်လေ့ရှိရာ Myanmar International Lighting Festival(2017) ပွဲတော်ကြီးကိုလည်း မြန်မာနှစ်သစ်ကူးအချိန်ကာလနှင့် တိုက်ဆိုင်ပြီး နွေရာသီကျောင်းပိတ်ရက် အနားယူနေကြသည့် ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့ဥယျာဉ်သို့ လာရောက်လည်ပတ်ရင်း စိတ်ဝင်စားဖွယ် မီးရောင်

စုံပြကွက်များ ဝင်ရောက်လေ့လာနိုင်ရန် ပွဲတော်ကြီးကို ရက်သတ္တခြောက် ပတ်ကြာအောင် နေ့စဉ် ညနေ ၅ နာရီခွဲမှ ည ၁ဝ နာရီအထိဖွင့်လှစ်ထားရှိမည်

ဖြစ်ပြီး ဝင်ကြေးအဖြစ် သာမန်လက်မှတ် တစ်စောင်လျှင် ကျပ် ၃ဝဝဝ နှင့် ကျောင်းသား ကျောင်းသူလက်မှတ်တစ်စောင်လျှင် ကျပ် ၁၅ဝဝ နှုန်းဖြင့် သတ်

မှတ်ထားသည်။

..

ပွဲတော်၏ဆောင်ပုဒ်ဖြစ်သည့် "Light up the Hearts, Light up the Lives" ဆိုသည့်အတိုင်း ပွဲတော်မှရရှိလာသည့် အခကြေးငွေစုစုပေါင်း၏ ၃ဝ ရာခိုင်နှုန်းအား လူမှုအဖွဲ့အစည်းများ၊ ပညာရေးဆိုင်ရာဖောင်ဒေးရှင်းများနှင့် အခြေခံပညာကျောင်းများသို့ ပေးအပ်လှူဒါန်သွားမည်ဖြစ်ကြောင်း သိရသည်။

..

မို့မို့

Ref : MOI

Photo : MILF & Jet Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။