ပရိသတ်ကြီးရေ အမေရိကန်နိုင်ငံသားတစ်ဦးကတော့ ဂင်းနစ်မှတ်တမ်းစာအုပ်ထဲက စံချိန်ဟောင်းကိုချိုးဖျက်ပြီး စံချိန်သစ်ထပ်မံတင်နိုင်ခဲ့ပါတယ်။

ထိုအမျိုးသားရဲ့နာမည်ကတော့ ဒေးဗစ်ရက်ရှ် ဖြစ်ပြီး သူဟာ ၃ မိနစ်အတွင်းမှာ သွားကြားထို့တံတစ်ချောင်းနဲ့ ပြောင်းဖူးစေ့ ၂၄၁ စေ့စားပြပြီး စံချိန်သစ်တင်ခဲ့တာပဲဖြစ်ပါတယ်။

အရင်ကစံချိန်ဟောင်းကတော့ ပြောင်းဖူး ၂၃၆ စေ့ဖြစ်ပြီး အခုစားပြခဲ့တာက ၂၄၁ စေ့ဖြစ်တာကြောင့် ငါးစေ့အသာနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

ဒေးဗစ်ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဘိလိယက်ကျူတံကို နဖူးပေါ်မှာ တနာရီ သုံးမိနစ်နဲ့ ၁၄ စက္ကန့်တင်ပြပြီး ဂင်းနစ်စံချိန်တင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိဆိုရင် ဒေးဗစ်ဟာ စုစုပေါင်းဂရင်းနစ်စံချိန် ၈၃ ခုကိုတင်ထားနိုင်သူတစ်ဦးဖြစ်သလို သူတင်ခဲ့တဲ့စံချိန်တော်တော်များများဟာ လေ့ကျင့်မှုကနေရရှိလာတဲ့စံချိန်တွေပဲဖြစ်ပါတယ်။  

အခုလိုစံချိန်ပေါင်းများစွာတင်ထားနိုင်တဲ့ ဒေးဗစ်ကတော့ သူအခုလိုကြီုးစားနေတာဟာ ရည်ရွယ်ရှိရှိနဲ့ပြုလုပ်နေတာဖြစ်သလို ဒါတွေအကုန်လုံးက STEM နည်းပညာကိုမြှင့်တင်ပေးဖို့ဖြစ်တယ်လို့ပြောကြားထားပါတယ်။

ဒါ့အပြင်ဒေးဗစ်ဟာ ကလေးအများစုက သူတို့ကိုယ်သူတို့ သင်္ချာဒါမှမဟုတ် သိပ္ပံစတဲ့ ဘာသာရပ်တွေမှာ ထူးချွန်တယ်လို့မထင်ကြပါဘူး ။ကျနောပြောချင်တာကတော့ အကြောင်းကိစ္စတခုမှာ တော်ချင်တယ်ဆိုရင် ကြိုးစားဆောင်ရွက်မှုနဲ့ ကိုယ့်ကိုယ်ကိုယ်တော်တယ်ဆိုတဲ့ ယုံကြည်မှုရှိဖို့ အဓိကလိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပရိသတ်ကြီးရေ မိမိကိုယ်ကိုယ် ယုံကြည်မှုရရှိနဲ့ကြိုးစားမယ်ဆိုရင်တော့ မဖြစ်နိုင်တာမရှိဘူးဆိုတာကို ဒေးဗစ်ကသက်သေပြထားပြီနော်။

source - UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။