ပရိသတ်ကြီးရေ တနှစ်ကျော်ကြာပြောက်ဆုံးနေတဲ့ ရေငုပ်သဘောၤကြီးတစ်စင်းကိုတော့ ယခုအချိန်မှာပြန်လည်တွေ့ရှိခဲ့ပြီပဲပြီပဲဖြစ်ပါတယ်။

ဒီရေငုပ်သင်္ဘောကြီးကတော့ အတ္တလန္တိတ် ကမ်းရိုးတန်းမှာ ပျောက်ဆုံးသွားတဲ့ အာဂျင်တီးနားရေငုပ်သဘောၤကြီးဖြစ်သလို ပြောက်ဆုံးချိန်မှာ သဘောၤပေါ်မှာ လူ၄၄ ယောက်လိုက်ပါသွားခဲ့ပါတယ်။

၎င်းရေငုပ်သဘောၤကိုတော့ အတ္တလန္တိတ်သမုဒ္ဒရာထဲက ချောက်တခုအတွင်းမှာပြန်လည်တွေ့ရှိခဲ့တာဖြစ်ပေမယ့် တွေ့ရှိခဲ့ချိန်မှာတော့ သဘောၤရဲ့အမြှီးပိုင်းက ပျက်စီးနေခဲ့ပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်ကဒီသဘောၤကြီးစတင်ပြောက်ဆုံးချိန်မှာလည်း အကြီးအကျယ်ရှာဖွေမှုတွေပြုလုပ်ခဲ့ပေမယ့် ယခုပြန်တွေ့တဲ့အချိန်မှာတော့ လိုက်ပါသွားတဲ့လူ ၄၄ယောက်လုံးဟာ အစအနေတောင်ပြန်လည်တွေ့ရှိခြင်းမရှိသေးပါဘူး။

ဒီသတင်းကိုကြားသိလိုက်ရတဲ့ သေဆုံးသူတွေရဲ့မိသားစုဝင်တွေဟာဆိုရင်လည်း ယူကျုံးမရလောက်အောင် ဝမ်းနည်းပူဆွေးနေကြပါတယ်။

ရေတပ်တာဝန်ရှိသူတွေကတော့ သေဆုံးသူတွေရဲ့မိသားစုဝင်တွေကို အားပေးဖို့ပြုလုပ်ခဲ့ပေမယ့် သူတို့ရင်ထဲက ပူဆွေးမှုကိုတော့ လုံးဝမဖြေဖြောက်ပေးနိုင်ခဲ့ပါဘူး။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။