အာဆင်နယ် တောင်ပံ တိုက်စစ်မှူး သီယိုဝဲလ်ကော့က လက်ရှိအချိန်မှာ အာဆင်နယ်နဲ့ ပတ်သက်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခုုိုက်နေတာကို ရပ်တန့်သင့်ပြီလို့ သုံးသပ်လိုက်ပါတယ်။

" လက်ရှိအချိန်မှာ အဖြစ်အပျက်တွေဟာ ပုံမကျ ပန်းမကျ ဖြစ်နေပါတယ်။ ဒါကို ကျွန်တော်တိုု့ သိပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း ကိစ္စတစ်ချို့ ဖြစ်ပျက်ခဲ့ပါတယ်။

ဒါပေမယ့် ဒီလို ကိစ္စမျိုးတွေဟာ အခြားအသင်းတွေရဲ့ လေ့ကျင့်ရေး ကွင်းတွေမှာလည်း ဖြစ်နေကျ အရာမျိုးပါ။

ကျွန်တော်တို့ဟာ အဝတ်လဲခန်းထဲမှာ စည်းစည်းလုံးလုံး နေရပါမယ်။ ကျွန်တော်တို့ဟာ အသင်းမှာအတူတကွ ရှိနေကြပါတယ်။ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တာတွေကို ရပ်တန့်ဖိုု့ လိုပါမယ် " လို့ ဖွင့်ဟ ခဲ့ပါတယ်။

အာဆင်နယ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ ဆန်းချက်ဇ်နဲ့ ကစားသမားတစ်ချို့ အငြင်းပွားခဲ့ပြီးနောက် ဆန်းချက်ဇ်ဟာ ကွင်းတွင်းက ထွက်ခွာခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်မှာ အာဆင်နယ်ဟာ ဘိုင်ယန်ကို အိမ်ကွင်းမှာ ငါးဂိုးတစ်ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး အသင်းရဲ့ အနေအထားဟာ အဆိုးဆုံး ဖြစ်နေပါတယ် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။