အင်္ဂလန်နိုင်ငံ ဒါဗင်ထရီ ၊ ဝင်းစောကလို့ ဒေမှာတော့ ပြီးခဲ့တဲ့နိုင်ဝင်ဘာလ ၁၄ ရက်နေ့က ကြက်တူးရွေးလေးတစ်ကောင်ကြောင့် မိးသတ်သမားတွေခေါင်းခြောက်သွားရတဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။

ဖြစ်ပွားခဲ့ပုံကတော မီးသတ်ဌာနက တာဝန်ရှိသူတစ်ဦးဟာ အိမ်တအိမ်ရဲ့ မီးဘေးအချက်ပြစနစ်ကနေ အချက်ပေးသံကိုလက်ခံရရှခဲ့တာကြောင့် အိမ်ပိုင်ရှင်ဖြစ်သူကို အမြန်ဆုံးဆက်သွယ်အကြောင်းကြားခဲ့ပေမယ့် အိမ်ပိုင်ရှင်က အိမ်မှာမီးမလောင်ပါဘူးလို့ ပြန်လည်ပြောကြားခဲ့တာကြောင့် သူခဗျာ ဇဝေဇဝါဖြစ်ခဲ့ရပါတယ်။

သို့ပေမယ့် အိမ်ပိုင်ရှင်နဲ့ဖုန်းပြောနေတဲ့အချိန်မှာပဲ မီးဘေးအချက်ပြသံထပ်ကြားခဲ့ရတာကြောင့် ၎င်းအိမ်ကိုမီးသတ်သမားတွေအမြန်ဆုံးစေလွှတ်လိုက်တဲ့အချိန်မှာတော့ အိမ်လဲရောက်ရော မီးသတ်သမားတွေဟာ ထပဲရီရတော့မလိုလို တန်းပဲပြန်ရတော့မလိုလိုဖြစ်ခဲ့ရပါတယ်။  

ဘာကြောင့်လဲဆိုရင်တော့ မီးသတ်သမားတွေဟာ အိမ်ထဲကိုဝင်ကြည့်လိုက်တဲ့အချိန်မှာ မွေးထားတဲ့ကြက်တူရွေးလေးဟာ မိးသတ်အချက်ပေးသံကို လိုက်လံတုပအော်ဟစ်နေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

မီးသတ်သမားတွေဟာလည်း ကြက်တူရွေးလေးတစ်ကောင်ကြောင့် အလုပ်တွေရှုပ်ခဲ့ကြရပေမယ့် အကုန်လုံးထရယ်ခဲ့တာကြောင့် စိတ်ပူပန်စရာကနေ ပျော်ရွှင်စရာဖြစ်ရပ်လေးတစ်ခုဖြစ်သွားခဲ့ရတာပဲဖြစ်ပါတယ်။

ပရိသတ်တွေရဲ့အိမ်မှာရော တီတီတာတာစကားလေးတွေဆိုတတ်တဲ့ ကြက်တူရွေးလေးတွေမွေးမြူထားကြသေးလား။

ref - Dvb and Northants Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။