ယနေ့ခေတ်ကာလလို ပွင့်လင်းမြင်သာလာတဲ့ ခေတ်ကာလမှာတော့ အမျိုးသားဘဝကနေ အမျိုးသမီးဘဝကို ကူးပြောင်းသူတွေနဲ့ အမျိုးသမီးဘဝကနေ အမျိုးသားဘဝကို လိင်ကူးပြောင်းသူတွေက တဖြေဖြေပိုများပြားလာကြပါတယ်။

အခုလိုပြောင်းလဲကြတဲ့သူတွေထဲမှာမှ လူအများစိတ်ဝင်စားမှုကိုရရှိခဲ့သူလေးတစ်ဦးကတော့ Schuyler Bailar လို့ခေါ်တဲ့ ဟားဗတ်တက္ကသိုလ်က ကျောင်းသူလေးတစ်ဦးပါပဲ။

သူမကတော့ ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ပြီးသိမ်မကြာခင်မှာတင် သူမရဲ့ဘဝကို ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာကစလို့ အရာရာကိုပြုပြင်ပြောင်းလဲဖို့အတွက် ဆုံးဖြတ်ပြီး အမျိုးသမီးဘဝကနေ အမျိုးသားအဖြစ်သို့ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။  

Bailar ဟာ ငယ်စဉ်ထဲက ရေကူးကျွမ်းကျင်တဲ့ကျောင်းသူတစ်ဦးဖြစ်သလို နိုင်ငံအဆင့် ပြည်နယ်အဆင့်တွေမှာ ဆုတဆိပ်တွေများစွာရရှိထားသူတစ်ဦးပဲဖြစ်ပါတယ်။

ဒါပေမယ့် ဟားဗတ်တက္ကသိုလ်ရောက်တဲ့အခါမှာ ယောကျာ်းလေးရေကူးအသင်းကိုဝင်ချင်တဲ့ သူမရဲ့ပြင်းပြလှတဲ့စိတ်ဆန္ဒကိုအရင်းခံကာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ခဲ့တာပါ။

Bailar အနေနဲ့ ယောကျာ်းလေးဘဝကိုရရှိဖို့ သူမရဲ့ရင်သားတွေကိုဖြတ်ထုတ်ခဲ့ရသလို ဟော်မုန်းပြောင်းဆေးတွေလည်းများစွာသောက်ခဲ့ရပါတယ်။ ဒါ့အပြင်သူမဟာ အားကစားတွေပြင်းထန်စွာပြုလုပ်ခဲ့ပြီး ခွဲစိတ်မှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီးတဲ့နောက်မှာတော့ သူမအရမ်းလိုချင်တဲ့ အမျိုးသားဘဝကိုလက်ဝယ်ရရှိခဲ့ပါတယ်။

အခုလိုပြုလုပ်မှုကြောင့် သူမဟာ ပတ်ဝန်းကျင်ရဲ့တိုက်ခိုက်မှုဒဏ်တွေကို ခါးစီးခံခဲ့ရပေမယ့်လည်း သူမရဲ့ဆုံးဖြတ်ချက်ကို လုံးဝနောင်တမရသလို လက်ရှိဘဝမှာပဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သူတစ်ဦးပဲဖြစ်ပါတယ်။

သူမရဲ့အခုပုံလေးကိုကြည့်လိုက်ပါဦး မသိရင်ယောကျာ်းအစစ်ကြီးတစ်ယောက်လို ကြွေလောက်တယ်နော်ပရိသတ်ကြီးရေ။ 

source - Mochi Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။