ပရိသတ်ကြီးတွေအတွက် ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်းနည်းပညာ ပစ္စည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီပစ္စည်းလေးကတော့ အခုလို မိုးရာသီနဲ့ လည်း အဆင်ပြေချောမွေ့စေမယ့် ပစ္စည်းလေးတစ်ခု လည်း ဖြစ်ပါတယ်။ ဒါလေးကတော့ Asahi Power က ထုတ်လုပ်လိုက်တဲ့ ဒရုန်းလေးပဲ ဖြစ်ပါတယ်။ ကဲ .. ဒီဒရုန်းလေးက ဘယ်လိုတွေ လုပ်နိုင်လဲဆိုတာ တစ်ချက်လောက် ကြည့်လိုက်ကြရအောင်နော်….

ဒီဒရုန်းလေးရဲ့ နာမည်ကတော့ Free Parasol လို့အမည်ရပြီး မိုးရွာတဲ့အခါမှာ သူကရဲ့ ပိုင်ရှင်နောက်ကို လိုက်ပြီး ထီးလိုက်မိုးပေးမှာ လည်း ဖြစ်ပါတယ်။ ဒီဒရုန်းလေးရဲ့ အလေးချိန်ဟာ ၁၁ ပေါင်အလေးချိန်ရှိပြီး အရွယ်အစားကတော့ လက်မ ၆၀ လောက်ရှိပါတယ်။အားသွင်းရတဲ့ စနစ်ဖြစ်ပြီး တစ်ခါ အားသွင်းထားပြီးရင် မိနစ် ၂၀ အထိ ပျံသန်းနိုင်တယ်လို့ လည်း သိရပါတယ်။ သူ့မှာဉာဏ်ရည်တုနည်းပညာနဲ့ ကင်မရာများ ထည့်သွင်းထားတဲ့အတွက် ပိုင်ရှင်အနောက်ကို အာရုံခံ၍လိုက်ပါနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီဒရုန်းလေးကိုတော့ ၂၀၁၉ ခုနှစ်မှသာ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပြီး ဒရုန်းရဲ့ အလေးချိန်ကိုလျောံချပြီး ဘက်ထရီသက်တမ်းကို လည်း ပိုမို ကြာရှည်ခံအောင် ဖန်တီးနေတာပဲ ဖြစ်ပါတယ်။ ဒီဒရုန်းလေးရဲ့ ဈေးနှုန်းကတော့ ၂၇၅ ဒေါ်လာ တန်ဖိုး၇ှိမှာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်လောက်မှ သာ ဈေးကွက် အတွင်း ဖြန့်ချီနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ 

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။