“အာဆင် နယ် အသင်းနဲ့ သူတို့ရဲ့ ပရိသတ်တွေ နေရာကို ကျွန်တော် ၀င်ကြည့် မိပါတယ် ။ အသင်းရဲ့ စတား ကစားသမားတွေက ဆုဖလားတွေရယူဖို့အတွက် အသင်းကို စွန့်ခွာပြီး အခြားအသင်းတွေကို ထွက် သွားခဲ့ကြ ပါတယ် ။ ဖာဘရီဂတ် ၊ ဆက် ညာ ၊ ဗန် ပါစီ ၊ ကလစ် ချီ ၊ နာဆရီ ၊ သူတို့တွေဟာ အသင်းရဲ့ အဓိက အစိတ် အပိုင်းတွေဖြစ် ခဲ့ကြပါတယ် ။ ဒါပေမယ့် ဆုဖလားတွေကိုင် မြောက် ဖို့ အတွက် အသင်းက နေ ထွက် ခွာခဲ့ကြ ပါတယ် ။ အခုလည်း ဆန်းချက် က ဒီအတိုင်းဖြစ် နေပါပီ”

“နောက် ရာသီ ဆန်းချက် ကို အာဆင် နယ် မှာ ဆက် မြင်နိုင် မလားလို့ မေးရင် တော့ နိုး လို့ပဲ ဖြေပါရ စေ ။ သူက ချီလီနိုင် ငံ အတွက် ဆုရ အောင် ကစားခဲ့ပြီးပါပီ ။ ဒါကြောင့် ကလပ် အသင်းနဲ့ ဖလားကိုင်မြောက် ချင် နေမှာပါ ။ အာဆင် နယ် မှာဖြစ် နေတာတွေကို သူ နှစ် သက် မှာမဟုတ် ပါဘူး ။ ဘိုင်ယန်မြုးနစ် နဲ့ ပွဲက ဆန်းချက် ကို အ ဖြေ ပေးလိုက် တာဖြစ် ကောင်းဖြစ် လာနိုင် ပါတယ် ။ “အဓိက ဆုဖလားတွေနဲ့ အလှမ်းဝေး လှတဲ့ နေရာကို ငါရောက် နေတာပဲ” လို့ သူ့ရဲ့ စိတ် ထဲမှာ ထင် ကောင်းထင် နေမိမှာပါ”

#RioFerdinand

Ref : Daily Mail

Photo : Getty Images

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။