မနက်ဖြန်မှာယှဉ်ပြိင်ကစားမယ့်ဆူဇူကီးဖလားပြိုင်ပွဲတစ်ပွဲဖြစ်တဲ့မြန်မာအသင်းနဲ့ဗီယက်နမ်အသင်းတို့ပွဲစဉ်ကတော့ပရိတ်သတ်တွေစိတ်အဝင်စားဆုံးဖြစ်နေတာပါ။မြန်မာအသင်းပရိတ်သတ်တွေကတော့လက်မှတ်တွေစတင်ရောင်းတဲ့နေ့ထဲကနေကြိတ်ကြိတ်တိုးဝယ်ယူနေတာဖြစ်ပါတယ်။သုဝဏ္ဏကွင်းမှာပရိတ်သတ်၃သောင်းကျော်သာဆန့်တောကြောင့်ပရိတ်သတ်တွေကလက်မှတ်မရမှာကိုစိတ်ပူနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရှေ့နှစ်ပွဲတုန်းကလည်းရန်ကုန်ကပရိတ်သတ်တွေအတွက်ဆူးလေမှာLEDဘုတ်ကြီးနဲ့ပြသခဲ့ပြီးပရိတ်သတ်အများအပြားလာရောက်အားပေးခဲ့ကြတာဖြစ်ပါတယ်။မြန်မာအသင်းဟာဗီယက်နမ်နဲ့ပွဲမှာအနိုင်ရတာနဲ့အုပ်စုတက်နိုင်မှာဖြစ်တာကြောင့်အပြင်းအထန်ကြိုးစားနေတာဖြစ်ပါတယ်။ကမ္ဘောဒီးယားအသင်းနဲ့ပွဲတုန်းကလည်းမန္တလေးမြို့မန္တလာသီရိကွင်းမှာကျင်းပခဲ့ပြီးကွင်းလုံးပြည့်အားပေးခဲ့ကြတာဖြစ်ပါတယ်။

နက်ဖြန်ကန်မယ့်ပွဲကိုလည်းပရိတ်သတ်တွေကခုချိန်ထဲကနေစိတ်ဓာတ်တွေတက်ကြွပြီးအားပေးချင်နေတာဖြစ်ပါတယ်။ မြန်မာနှင့်ဗီယက်နမ်တို့ရဲ့ ဆူဇူကီးဖလားပွဲစဉ်ကို Thuwunna Indoor Stadium (NIS-1) မှာလည်း LED Screen ကြီးနဲ့ ပြသပေးသွားမှာ ဖြစ်ပါတယ်။တစ်ဖက်ခြမ်းက သုဝဏ္ဏ အားကစားကွင်းကြီးထဲမှာ ပရိသတ်ကွင်းပြည့်သွားလို့ လက်မှတ်ဝယ်လို့မရတော့တဲ့ ပရိသတ်များအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အခုလို LED Screen ကြီးနဲ့ ပြသပေးဖို့ စီစဉ်ရခြင်း ဖြစ်ပါတယ်။ ကွင်းထဲမှာလည်း စည်းကမ်းရှိရှိ အားပေးကြဖို့ လိုသလို LED Screen ကြီးနဲ့ ပြသပေးရာမှာလည်း ပရိသတ်များ အနေနဲ့ စည်းကမ်းရှိရှိ အားပေးကြဖို့ တိုက်တွန်းနိုးဆော်လိုက်ရပါတယ်။

source:mff

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။