Laci Ping လို့ခေါ်တဲ့အမျိုးသမီးနဲ့ သူ့ရဲ့ခင်ပွန်းဟာ သူတို့ရဲ့ မီးခိုရောင်ကြောင်လေး tabby ကိုခေါ်ဆောင်ပြီး ရွှေ့ပြောင်းလာကြတဲ့အချိန်မှာ တောမီးလောင် ပေါက်ကွဲမှုတွေကြောင့် သူမသယ်ဆောင်လာတဲ့ ကြောင်လေး tabby ဟာ လန့်ပြီး လေယာဉ်တင်သဘောင်္ပေါ်ကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ် ။

မီးသတ်သမားတွေက tabby အပါဝင် အခြား ကြောင်လေး ၂၂ ကောင်ကို ကယ်တင်နိုင်ခဲ့ ပါတယ် ။ တနင်္လာနေ့ က UC Davis က ကုသရေးဆေးပညာသင်ကြားရေးဆေးရုံကြီးမှာ tabby ကိုကယ်တင်ခဲ့ကြတာဖြစ်ပါတယ် ။ Ping တစ်ယောက် ဖေ့ဘုတ်ပေါ်က ကယ်ဆယ်ရေး ပို့စ်တစ်ခုကနေ တွေ့ပြီး သူတို့ဇနီးမောင်နှံနှစ်ယောက်လုံး သူတို့ရဲ့ကြောင်လေးနဲ့ ပြန်လည် တွေ့ဆုံဖို့ လိုက်သွားခဲ့ကြပါတယ် ။

UC Davis က ကုသရေးဆေးပညာသင်ကြားရေးဆေးရုံကြီးမှာ ယခုအခါတောမီးလောင် မှုမှာ ပျောက်ဆုံးသွားတဲ့ သို့မဟုတ် ဒဏ်ရာရရှိထားတဲ့ ပြည်နယ်ပေါင်းစုံက အိမ်မွေး တိရစ္ဆာန်များအတွက်ပျောက်ဆုံးခြင်း သို့မဟုတ်ဒဏ်ရာရရှိထားတဲ့ စောင့်ရှောက်ပေး နေတဲ့ တစ်ခုတည်းသောနေရာဖြစ်ပါတယ် ။ သူတို့ရဲ့ မိသားစုတွေနဲ့ အတူ သူတို့ကိုပြန်လည် တွေ့ဆုံနိုင်ရန် ရှာဖွေပေးနေကြတဲ့နေရာဆိုလည်း မမှားပါဘူး ။

တောမီးလောင်တဲ့အချိန်မှာ တိရစ္ဆာန်လေးတွေရဲ့ပိုင်ရှင်ဟာ သူတို့ကိုရည်ရွယ် ချက်ရှိ ရှိ ထားပစ်ခဲ့တာတော့မဟုတ်ပါဘူး ။ တောမီး ပျံ့နှံ့မှုက မြန်ဆန်လွန်းလို့ မီးတောက် တွေ ကြားက ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားတဲ့အခါမှာ အိမ်က ပစ္စည်းတွေနဲ့ တိရစ္ဆာန် လေးတွေကို ကယ်ဖို့အချိန်မရလိုက်ဘဲ အသက်လုပြီးပြေးရတာ ကြောင့်ပါ ။

ကံကောင်းတဲ့ Tabby လေးကတော့ သူ့ရဲ့သခင်တွေနဲ့ပြန်လည်ဆုံဆည်းခဲ့ရပြီး သူ့သခင် ကတော့ ဆုံးရှုံးရပြီထင်ထားတဲ့ သူ့ကြောင်လေးကို ပြန်တွေ့ရလို့ အရမ်းကိုပျော်ပြီး မျက်ရည်တွေကျခဲ့တာပါ ။ လက်ထဲကနေ ရုန်းမထွက်နိုင်အောင် အတင်းဖတ်ထားပြီး ငိုနေတဲ့ အတွက် ကြည့်ရှုရသူတွေ ရင်ထဲကို တကယ်စိတ်မကောင်းဖြစ်စေခဲ့တာပါ ။

Source : 9GAG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။