ဟောလီးဝုဒ်က အောင်မြင်ကျော်ကြားတဲ့သရုပ်ဆောင်တွေကို ကြိုက်ကြလား ? Admin က တော့ အနုပညာအပြင် ထက်မြက်တဲ့အရည်အချင်းတွေပါ ပိုင်ဆိုင်ထားတဲ့ အချို့ အနုပညာရှင်တွေကို အရမ်းအားကျမိပါတယ် ။ ပြောင်မြောက်တဲ့ အနုပညာ အရည်အသွေးရော ဉာဏ်ပညာထက်မြက်မှုရော ပေါင်းစပ်ထားတဲ့ အဲဒီသရုပ်ဆောင်တွေက ဘယ်သူတွေပါလိမ့် ။ ကြည့်ကြည့်ရအောင် ...

Natalie Portman – 140

မင်းသမီး နာတလီပို့ရှ်မန်း ဟာ ကြည့်လိုက်ရုံနဲ့ ယုံကြည်မှုရှိရှိ Smart ကျစွာလှပနေတဲ့သူပါ ။IQ 140 ရှိသူမို့ လှပရုံတင်မက ဉာဏ်ထက်မြက်လွန်းတဲ့မင်းသမီးဟာ အားကျစရာ ဆယ်လီတစ်ဦးပါပဲ ။ သူမဟာ Harvard တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့သူဖြစ်ပြီူ ဘာသာစကား ၆ မျိုးကျော် တတ်ကျွမ်းသူလဲ ဖြစ်ပါတယ် ။

Natalie Portman

Arnold Schwarzenegger – 135

အာနိုးကတော့ Admin တို့ မိဘတွေခေတ်ထဲက နာမည်ကြီးကျော်ကြားတဲ့ ၀ါရင့်မင်းသားကြီးမို့ မသိသူရှားပါတယ် ။ သူဟာ မင်းသားတင်မက Body Builder တစ်ယောက်လဲ ဖြစ်ပါသေးတယ် ။သူဟာ လိင်တူလက်ထပ်မှုကိုဆန့်ကျင်သူတစ်ယောက်လဲဖြစ်ပြန်ပါသေးတယ် ။ ယုံဖို့တောင်ခက်ခဲမယ်ဆိုပေမယ့်လဲ သူဟာ IQ 135 ရှိတာမို့ ဉာဏ်ရည်မြင့်မားသူတစ်ယောက်ဆိုတာ ငြင်းလို့မရပါဘူး ။

Arnold Schwarzenegger

Shakira – 140

Wow ... ရှာကီရာ ဆိုတာနဲ့ Waka Waka သီချင်းကို မျက်လုံးထဲ တန်းမြင်လိုက်ကြမှာပါ ...အဲဒီ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဟာ တကယ့်ကို ပါရမီရှင်ပါဆိုရင် ယုံနိုင်ပါ့မလား ။ သူမဟာ IQ 140 ရှိသူပါ ။

Shakira

Madonna – 140

ဂီတဘုရင်မ မက်ဒေါနားဟာလဲ IQ မြင့်မားသူစာရင်းထဲအပါအဝင်ပါပဲ ... သို့သော်လဲ မက်ဒေါနားရဲ့ ကျော်ကြားမှုဟာ သူမရဲ့ ဉာဏ်ရည်ကြောင့်မဟုတ်ခဲ့ပါဘူး ။ သင်တို့သတိမထားမိတဲ့ အကြောင်းက မက်ဒေါနားဟာ IQ 140 ရှိတဲ့ဉာဏ်ကောင်းသူတစ်ယောက်လဲဖြစ်နေတာပါ ။

Madonna

Steve Martin – 142

လူတွေကိုရယ်အောင်လုပ်နိုင်ဖို့ဆိုတာ တကယ်တမ်းတော့မလွယ်ကူလှပါဘူး ။ တကယ့်ဟာသတွေကိုဖော်ထုတ်နိုင်ဖို့ နောက်ကွယ်မှာ ဟာသဉာဏ်ရှိဖို့ ဖြတ်ထိုးဉာဏ်ကောင်းဖို့ လူတွေရဲ့ စိတ်ကိုသိနိုင်ဖို့လဲ လိုအပ်ပါတယ် ။ အဲဒီအရာတွေနဲ့ပြည့်စုံသူက Steve Martin ပါပဲ ။ ဖျော်ဖြေရေး Company တစ်ခုအတွက် အလုပ်မလုပ်ခင်က သူဟာ UCLA မှာစိတ်ပညာရပ်ကိုသင်ယူခဲ့သူပါ ။

Steve Martin

Nolan Gould – 150

ပါရမီရှင်ပါပဲ ... 13 နှစ်နဲ့ အထက်တန်းကျောင်းပြီးခဲ့သူပါ ။ IQ မြင့်သူတွေချည်းဖွဲ့စည်းထားတဲ့ Mensa ဆိုတဲ့အဖွဲ့မှာ အဖွဲ့ဝင်တစ်ယောက်လဲဖြစ်ပါတယ် ။

Nolan Gould

Sharon Stone – 153

မော်ဒယ်မင်းသမီး Sharon Stone ဟာပုံမှန်ထက်သာလွန်စွာမြင့်မားတဲ့ဉာဏ်ရည်ကိုပိုင်ဆိုင်ထားသူပါ ။ Pennsylvania က Edinboro University ရဲ့ ပညာသင်ဆုအတွက်ပါ ကမ်းလှမ်းခံရပါတယ် ။ သို့ပေမယ့်လဲ သူမဟာ မော်ဒယ်မင်းသမီးတစ်ယောက်ဖြစ်ဖို့ကိုသာရွေးချယ်ခဲ့ပါတယ် ။

Sharon Stone

Ke$ha – 140

အဆိုတော်ကီရှာကလဲခေသူတော့မဟုတ်ပါဘူး ။ IQ 140 တောင်ရှိတာပါတဲ့ ။

Ke$ha

Ashton Kutcher – 160

Ashton Kutcher က ဆွဲဆောင်မှုကောင်းတဲ့မင်းသားတစ်ဦးဖြစ်တဲ့အပြင် ဉာဏ်ရည်လဲမြင့်မားသူဆိုတော့ ကိုပြည့်စုံလွန်း လို့တောင်တင်စားခေါ်ရမယ့်ပုံပါ ။ 

Ashton Kutcher

နောက်ဆုံးတစ်ယောက်အကြောင်းကိုတွေ့ရင်တော့ သင်အံ့သြသွားမှာသေချာပါတယ် ။

Rowan Atkinson – 178

Rowan Atkinson ဆိုတာဘယ်သူပါလိမ့် ။ သင်တို့အရမ်းကိုရင်းနှီးနေတဲ့သူပါ ။ Mr.Bean လို့ပြောလိုက်ရင် သွားမြင်ယောင်မယ့် ထူးခြားတဲ့သရုပ်ဆောင်မှုတွေနဲ့ လူတွေကိုရယ်အောင်ဖန်တီးပေးသူပါ ။ သူ့ရဲ့ ပြင်ပဘဝကတော့သူသရုပ်ဆောင်တဲ့ဇာတ်ကားထဲကနဲ့ဆန့်ကျင်ဘက်ပါပဲ ။ တည်တည်ကြည်ကြည်နေတတ်သူဖြစ်ပြီး အင်ဂျင်နီယာဘွဲ့ကို New Castle University ကရရှိထားတဲ့အပြင် နာမည်ကြီး အောက်စဖို့ The Queen’s College ကနေလဲ မာစတာဘွဲ့ကို ရရှိခဲ့ပါတယ် ။ အံ့သြနေပြီလား ... နောက်ထပ် တကယ့်သင့်အံ့သြစရာက ခုမှလာမှာပါ ... ကမ္ဘာမြေရဲ့ဆွဲငင်အားအကြောင်း သီအိုရီကို ရှာဖွေတွေ့ရှိတဲ့ နာမည်ကျော် သိပ္ပံပညာရှင် အိုင်းစတိုင်းကို ပါရမီရှင်တစ်ယောက်အဖြစ်လူတိုင်းသိရှိကြပါတယ် ။ နောက်ထပ် ခုချိန်ထိ သက်ရှိထင်ရှားရှိနေသေးတဲ့ ရူပဗေဒပညာရှင် စတီဗင်ဟော့ကင်း ကလဲ ပါရမီရှင်တစ်ဦးအဖြစ်ကျော်ကြားပြီး မသန်ပေမယ့်စွမ်းတဲ့သူ့ရဲ့အကြောင်းတွေကို ရုပ်ရှင်တွေပြန်ရိုက်တဲ့ထိတောင်အောင်မြင်တဲ့သူပါ ။ အိုင်းစတိုင်းနဲ့ စတီဗင်ဟော့ကင်းရဲ့ IQ level ကတူညီပါတယ် ။ 160 ပါ ။ ပရိတ်သတ်အချစ်တော် Mr.Bean ရဲ့ IQ ကတော့ 178 တောင်ရှိပါတယ်တဲ့ ။နာမည်ကျော် ဉာဏ်ကြီးရှင်တွေထက်တောင်များပြားနေသေးတဲ့ IQ ပါ ... ပရိတ်သတ်တွေကိုပျော်အောင်ပျော်တော်ဆက်ပေးနေတဲ့သူတစ်ယောက်ရဲ့ ပြင်ပဘဝကတော့ တကယ်ကိုအံ့သြစရာပါပဲ ...

Mr.Bean
Rowan Atkinson

IQ မြင့်တဲ့ ကျော်ကြားသူတွေအကြောင်းသိရလို့ကျေနပ်နိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ် ။  သူတို့ဟာ ဉာဏ်ရည်မြင့်မားသူတွေဖြစ်တဲ့အပြင် သတ္တိရှိရှိနဲ့ ပုံမှန်သမားရိုးကျထဲကခွဲထွက်ကာ  ကိုယ်ဝါသနာပါရာလမ်းကြောင်းကိုရွေးချယ် လျှောက်လှမ်းနေကြသူတွေလဲဖြစ်ပါတယ် ။သူတို့ကိုသဘောကျရင် အခြားမိတ်ဆွေတွေလဲသိရအောင် Like and Share ပေးလို့ရတယ်နော် ။
ပရိတ်သတ်ကြီးရော ... သူတို့ထဲကဘယ်တစ်ယောက်ကိုအကြိုက်ဆုံးဖြစ်မလဲ ? 

Source : google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။