အာစီယံဆူဇူကီးပြိုင်ပွဲအုပ်စု(က)ရဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့မြန်မာအသင်းနဲ့ဗီယက်နမ်အသင်းတို့ပွဲကိုတော့ဒီနေ့ည(၆)နာရီရန်ကုန်မြို့သုဝဏ္ဏကွင်းမှာယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။နှစ်သင်းလုံးကတော့နှစ်ပွဲစီကစားထားပြီးရမှတ်(၆)မှတ်စီရထားပေမယ့်မြန်မာအသင်းကသွင်းဂိုးအသာနဲ့အုပ်စုအဆင့်၁မှာရပ်တည်နေတာဖြစ်ပါတယ်။မြန်မာအသင်းကတော့ဒီပွဲမှာအနိုင်ရတာနဲ့အုပ်စုတက်နိုင်မှာဖြစ်တာကြောင့်မဖြစ်မနေအနိုင်ယူဖို့အသင်းသားတွေကစိတ်အားထက်သန်နေတာပါ။

ဗီယက်နမ်အသင်းကိုအနိုင်ရယုံနဲ့ဆီမီးဖိုင်နယ်ရောက်မှာဖြစ်တာကြောင့်မြန်မာအသင်းပရိတ်သတ်တွေကဒီနေ့ပွဲကိုကွင်းလုံးပြည့်အားပေးဖို့ရှိနေတာပါ။ဒီနေ့ပွဲအတွက်ကြိုတင်လက်မှတ်ရောင်းတဲ့အချိန်ကတည်းကကြိတ်ကြိတ်တိုးအားပေးဝယ်ယူခဲ့တာဖြစ်ပါတယ်။လက်မှတ်ကုန်သွားပြီးလို့သတင်းတွေထွက်နေပေမယ့်မြန်မာဘောလုံးအဖွဲ့ချုပ်ကတော့ဒီနေ့မှာကျန်ရှိနေသေးတဲ့ရိုးရိုးတန်းနဲ့အထူးတန်းလက်မှတ်တွေကို နေရာ (၄)နေရာခွဲပြီး နံနက် ၁၀နာရီအချိန်ကနေ လက်မှတ်ကုန်တဲ့အထိ ရောင်းချပေးသွားမှာပါ။

ရောင်းချမယ့်လက်မှတ် အရေအတွက်တွေကတော့ အထူးတန်း အစောင် (၅၀၀) အပြင် ပုံမှန်ရောင်းချနေကြ ရိုးရိုးတန်းလက်မှတ်ကို ခွဲတမ်း ၄၈၀၀ အပြင်၊ ယမန်နေ့များက ကျန်ရှိသောလက်မှတ်များ အပါအဝင် စုစုပေါင်း စောင်ရေ ၁၀,၀၀၀ ခန့်ကို ရောင်းချပေးမှာဖြစ်လို့

မှောင်ခိုလက်မှတ်တွေ မဝယ်ယူမိဖို့ကိုသတိပေးထားတာပါ။

မနေ့ကသတင်းစာရှင်းလင်းပွဲမှာလည်းနည်းပြချုပ်ကပရိတ်သတ်တွေကိုအပြုံးတွေနဲ့အိမ်ပြန်စေရမယ်လို့ပြောခဲ့တာကြောင့်ပရိတ်သတ်တွေကပိုပြီးစိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။ကွင်းထဲကိုလာရောက်မကြည့်ရှုနိုင်တဲ့အနယ်နယ်အရပ်ရပ်ကပရိတ်သတ်တွေအတွက်လည်းမြန်မာ့ရုပ်မြင်သံကြားကနေပြီးတော့ညနေ၅နာရီ၁၅မိနစ်အချိန်ထဲကစပြီးထုတ်လွှင်မှာဖြစ်ပါတယ်။ကွင်းအတွင်းဝင်ရောက်ကြည့်ရှုမယ့်ပရိတ်သတ်တွေကလည်းညီညီညာညာစည်းစည်းလုံးလုံးနဲ့မြန်မာကိုနိုင်ငံတကာကချီးကျူးရအောင်စည်းကမ်းရှိရှိအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။