ယနေ့ခေတ်ကာလမှာတော့ သာမန်ထက်ထူးခြားချင်တဲ့လူတွေဟာ နားပေါက်ကို အပေါက်အကြီးကြီးတွေဖောက်လာကြပါတယ်။

အခုလိုနားပေါက်ကြီးကိုတော့ အမျိုးသားတွေသာမက အမျိုးသမီးတွေပါ ဖောက်လာကြသလို တချို့လူတွေကတော့ သူတို့ဖောက်တဲ့နားပေါက်ကြီးကြောင့်ပဲ ဘေးအန္တရယ်တွေကြုံခဲ့ရတာတွေလည်းရှိနေပါတယ်။  

အခုလိုနားပေါက်ဖောက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး Portland နိုင်ငံ Oregan မှာနေထိုင်တဲ့ Ashley Gawe ဆိုတဲ့အမျိုးသမီးဟာလည်း သူမကိုအရမ်းထိတ်လန့်စေခဲ့တဲ့ဖြစ်ရပ်ကြီးတစ်ခုနဲ့ကြုံတွေ့ခဲ့ရပါတယ်။

သူမကြုံတွေ့ခဲ့ရတာကတော့ သူမဟာ ကိုယ်တိုင်မွေးမြူထားတဲ့ Ball Python မြွေနဲ့ကစားနေတုန်းဟာ ၎င်းမြွေကြီးဟာ Ashely ရဲ့နားပေါက်ထဲကို ဝှစ်ခနဲဝင်သွားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ မြွေရဲ့ ခန္ဓာကိုယ်အလယ်ပိုင်းမှာ ကြီးနေတဲ့အတွက် နားပေါက်ထဲမှာ တစ်နေပြီး ထုတ်လို့မရဖြစ်နေခဲ့ပါတယ်။  

Ashely ကိုယ်တိုင်လည်း အရမ်းထိတ်လန့်နေခဲ့ပြီး ကြံရာမရတဲ့အဆုံးမှာတော့ သူမဟာ ဆေးရုံအရေးပေါ်ခန်းကိုပြေးခဲ့ရပါတော့တယ်။

သူမဆေးရုံကိုသွားတဲ့အချိန်မှာဆိုရင်လည်း နားပေါက်ထဲမှာ မြွေကြီးတန်းလန်းကြီးဖြစ်နေတာကြောင့် လူတော်တော်များများလည်း ထိတ်လန့်ကုန်ကြပါတယ်။

သို့ပေမယ့် ဆေးရုံအရောက်မှာတော့ ဆရာဝန်ဟာ သူမနဲ့နားပေါက်ကို နည်းနည်းချဲ့ပြီး မြွေကြီးကိုထုတ်ပေးခဲ့တာကြောင့် မြွေကြီးလည်းဘာမှမဖြစ်ခဲ့သလို သူမလည်းဘာမှမဖြစ်ခဲ့ပေမယ့် ရင်ထဲမှာတော့ အနည်းငယ်ထိတ်လန့်မှုတွေကျန်ရှိနေခဲ့ပါတယ်။ 

Source _  Augsburger Allgemeine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။