ရုရှားဝန်ကြီးချုပ် ဒမစ်ထရီ မက်ဒီဒေ့ဗ်ကတော့ လက်ရှိအချိန်မှာ ဗီယက်နမ်နိုင်ငံကိုအလည်အပတ်ရောက်ရှိနေပါတယ်။

၎င်းရုရှားဝန်ကြီးချုပ် ဗီယက်နမ်နိုင်ငံကိုရောက်ရှိလာတဲ့အချိန်မှာဆိုရင်လည်း ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ဇူးယန်က မြို့တော ဟနွိုင်းမှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက်မှာတော့ ၎င်းဝန်ကြီးနှစ်ယောက်လုံးဟာ နိုင်ငံရေးရာအဖြာဖြာတွေကိုဆွေးနွေးတိုင်ပင်ခဲ့ကြပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးမြှင့်ဖို့သဘောတူခဲ့ကြပါတယ်။

၂ နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးဟာ မနှစ်ကအထိဆိုရင် အမေရိကန်ဒေါ်လာ 3.55 ဘီလီယံဖိုးလောက်ရှိသလို လာမယ့် ၂၀၂၀ ခုနှစ်မှာ ၃ ဆတိုးပြီး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံထိ မြှင့်တင်ဖို့သဘောတူညီခဲ့ကြတာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် ၎င်းဝန်ကြီးချုပ်တွေဟာ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့ဖို့အတွက်လိုလည်း သဘောတူညီခဲ့ကြပါတယ်လို့သိရပါတယ်။

Source - Dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။