လူတိုင်းလုူတိုင်းဟာ အချစ်ဆိုတဲ့အရာကြီးနဲ့ပက်ပင်းတိုးလာကြပြီဆိုရင်တော့ ဘယ်သူမှမတွန်းလှန်နိုင်ကြဘဲ အချစ်နွံ့ထဲသက်ဆင်းသွားမိကြတာဟာ သဘာဝပါပဲ။

တကယ်ချစ်မိပြီရင်ဆိုရင် ဂုဏ်တွေအဆင့်အတန်းတွေဟာ မလိုအပ်တော့သလို ရုပ်ရည်ကလည်းဘယ်လောက်ပင်ဆိုးနေပါစေ မိမိတကယ်ချစ်မိပြီဆိုရင် အဲ့တာတွေအားလုံးက ဖွဲနဲ့ဆန်ကွဲတွေဖြစ်ကုန်ကြပါတယ်။ 

တကယ်ချစ်လို့လက်ထပ်ခဲ့ကြတဲ့ စုံတွဲတွေထဲမှာမှ အင်ဒိုနီးရှားနိုင်ငံသားတစ်ဦးနဲ့ ဗြိတိန်နိုင်ငံသူလေးတစ်ဦးတို့ရဲ့ချစ်ခြင်းတရားလေးတွေဟာလည်း လူအများကြားမှာ တော်တော်လေးကိုစိတ်ဝင်စားစရာတစ်ခုဖြစ်ခဲ့ပါတယ်။

သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးစတင်ခဲ့ပုံကတော့ Jennifer Brocklehurst လို့အမည်ရတဲ့ ဗြိတိန်နိုင်ငံသူလေးတစ်ဦးမှာ အင်ဒိုနီးရှားကျွန်းဆွယ်ကိုလာရောက်လည်ပတ်ရင်းနဲ့ ဒေသခံဖြစ်တဲ့ Bayu Kumbaraနဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီနေစပြီး သူတို့နှစ်ယောက်ဟာ တစ်ဦးပေါ်တစ်ပြီး ချစ်ခင်နှစ်သက်လှသဖြင့် ထိမ်းမြားလက်ထပ်ခဲ့ကြရာ အခုဆိုရင် ရင်သွေးလေးတွေတောင် ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။  

အဲ့ဒီနောက်မှာတော့ Bayu Kumbara ဟာ သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ဓာတ်ပုံကို အွန်လိုင်ပေါ်တင်လိုက်တဲ့အချိန်မှာ ဝေဖန်တိုက်ခိုက်မှုတွေများစွာကိုခံခဲ့ရပါတော့တယ်။ ဘာကြောင့်လဲဆိုရင် သူလို့ရုပ်ဆိုးတဲ့လူမျိုးနဲ့ ချောမောလှပလှတဲ့ ဗြိတိန်နိုင်ငံသူလေးဟာ မလိုက်ဖက်ဘူး မဖြစ်သင့်ဘူး ဆိုပြီးမနာလိုဝန်တိုသူတွေက သူ့ကိုဝိုင်းပြီးပုတ်ခတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်းပေါ်မှာနေထိုင်တဲ့သူတွေကတော့ မိန်းမလှလေးတစ်ယောက်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကို ကမ္ဘာပေါ်ကကံအကောင်းဆုံးလူသားလို့တောင်ချီးကျူးခဲ့ကြပါသေးတယ်။

ကဲပရိသတ်ကြီးရေ ကတော့ အသားမည်းမည်းရုပ်ဆိုးကောင်လေးတွေဟာ အသားမဲပေမယ့် မိန်းမလှလေးတွေကြွေတဲ့ ပတမြားခဲလေးတွေပါလို့ သက်သေပြလိုက်ပြီနော်။ 

Source : Aneka Info Unik

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။