မနေ့က နိုဝင်ဘာလ ၁၉ ရက်နေ့မှာတော့ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ် ဒန်ဗာမြို့လယ်ခေါင်မှာ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင်၎င်းသေနတ်ပစ်ခတ်တဲ့နေရာဟာ Colorado Rockies ဘေ့စ်ဘောအသင်းရဲ့ ကောစ်ဖီးလ်ကွင်းနဲ့ အတော်လေးနီးတဲ့နေရာပဲဖြစ်ပါတယ်။

၎င်းသေနတ်ပစ်ခတ်မှုကိုတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပေမယ့် အတိအကျတော့သိရှိရခြင်းမရှိသေးပါဘူး။

ဒါ့အပြင် အခုသေနတ်ပစ်ခတ်မှုနဲ့ပတ်သတ်ပြီး သံသယရှိသူတွေကိုတော့ သိရှိထားပေမယ့် မခိုင်လုံသေးတဲ့အတွက်ဖမ်းဆီးထားခြင်းမရှိသေးပါဘူးလို့သိရပါတယ်။

အဆိုပါသေနတ်ပစ်ခတ်မှုကြောင့် ဆိုးကျိုးအနေနဲ့ လူ ၁ ဦးသေဆုံးခဲ့သလို ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတွင်းမီဒီယာတွေရဲ့ပြောကြားချက်အရဆိုရင်လည်း နောက်ထပ်အမျိုးသမီးတစ်ဦးလည်း သေနတ်ထိမှန်ခဲ့တယ်လို့သိရပေမယ့် ၎င်းအမျိုးသမီးကိုတော့ ရှာဖွေတွေ့ရှိခြင်းမရှိသေးဘူးလို့သိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။