ပရိတ်သတ်တွေချစ်တာခံရတာလဲစန်းတစ်ခုပါပဲ ... ကံကောင်းလိုက်တာနော် ...
အဲဒီ ကံကောင်းသူလေးက ဘယ်သူများဖြစ်မလဲ ပရိတ်သတ်တို့မှန်းကြည့်ပါလား ...

လက်ဆောင်ရသူကတော့ ရဲနောင်ပဲဖြစ်ပါတယ် ။

မူဆယ်မြို ့သုခ mobile က ပရိတ်သတ်က သူ့ရဲ့ အမာခံပရိတ်သတ်ဖြစ်ပြီး
သူချစ်ရတဲ့ Idol အတွက် အမှတ်တရ Iphone လက်ဆောင်လာပေးတာပါတဲ့ ။ ရဲနောင်ကတော့ ချစ်မွှေးပါတယ်လို့ပဲဆိုရလေမလား ... အန်ကယ်သိန်းတန်ပြောသလိုပဲ သံဓါတ်ပါနေတယ်လို့ပဲဆိုရလေမလား ... စန်းရှိတာတော့အမှန်ပါပဲ ။ ရဲနောင်အတွက် Myanmar Idol မှာဆုရရမရရ သေချာတာကတော့ ပရိတ်သတ်တွေအများကြီးရသွားပါပြီ ။ သူ့အားထုတ်မှုအတွက်ရလဒ်ကောင်းပါပဲ ။ Wild Card အခွင့်အရေးကို ဘယ်သူရမလဲ ဆိုတာကိုတော့ ရင်ခုန်နေရဆဲပါ ... ဒီအခွင့်အရေးအတွက် ရေပန်းစားနေတဲ့ထဲ ရဲနောင်လဲ ပါဝင်တာမို့ ယနေ့မတ်လ ၉ ရက်နေ့ညမှာထုတ်လွှင့်မယ့် Myanmar Idol အစီအစဉ်မှာ ဘယ်သူက Wild Card အခွင့်အရေးကို ရရှိမလဲဆိုတာကိုတော့ ...

Photo Credit : Mya Khwar Nyo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။