မြန်မာ့လက်ဝှေ့လောကရဲ့ ပြိုင်ဘက်ကင်းဖိုက်တာတစ်ဦးဖြစ်တဲ့ သံမဏိစိုးလင်းဦးကိုတော့ပရိသတ်အားလုံးလည်း ရင်းနှီးကြမယ်ထင်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲများစွာကို သွားရောက်ယှဉ်ပြိုင်ထိုးသတ်ဖူးသူတစ်ယောက်ဖြစ်တဲ့အပြင် အောင်ပွဲများစွာနှင့် မြန်မာ့အလံကိုလွှင်ထူနိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ သံမဏိစိုးလင်းဦးကိုတော့ ပြည်တွင်းပြည်ပရှိမြန်မာနိုင်ငံသားများစွာနှင့်အတူ အနုပညာလောက၊ ဂီတလောကသားများစွာကတော့ အမြဲချီးကြူးဂုဏ်ပြုလျှက်ရှိတာလည်းတွေ့ရပါတယ်။  

မကြာသေးမီက ပရိသတ်အချစ်တော် အဆိုတော်ရိန်မိုးကတော့ စိုးလင်းဦးအတွက်သီချင်းတစ်ပုဒ်ကိုသီဆိုပေးခဲ့တာတွေ့ရပါတယ်။ အဆိုပါ သီချင်းကတော့ "မြန်မာ့ သံမဏိ" လို့အမည်ပေးထားပြီး စိုးလင်းဦးအတွက် ရေးစပ်သီဆိုထားခြင်းဖြစ်တာကိုတော့ တွေ့ရပါတယ်။ နိုင်ငံဂုဏ်ဆောင်မြန်မာ့လက်ဝှေ့ဖိုက်တာတစ်ဦးအတွက်ရေးသားသီဆိုမှုတွေထဲမှာ အမိုက်စားတေးသီချင်းတစ်ပုဒ်ဖြစ်သလို စိုးလင်းဦးပရိသတ်တွေကို ပိုမိုခိုင်မာစေမယ့် သီချင်းတစ်ပုဒ်လည်းဖြစ်တာတွေ့ရပါတယ်။  

မြန်မာ့သံမဏိဆိုတဲ့ နာမည်တစ်လုံးရရှိဖို့ ဖြတ်သန်းခဲ့တဲ့ စိုးလင်းဦးရဲ့ ပွဲစဉ်တွေနဲ့အတူ အမိုက်စားထိုးသတ်မှုဗီဒီယိုတွေကို ထည့်သွင်းရိုက်ကူးထားတဲ့ "မြန်မာ့သံမဏိ" သီချင်းကို ပရိသတ်တွေအကြိုက်တွေ့စေမှာအမှန်ပဲဖြစ်ပါတယ်။ အမိုက်စားရေးသားသီဆိုခဲ့တဲ့ အဆိုတော်ရိန်မိုးရဲ့ မြန်မာ့သံမဏိ သီချင်းလေးကို စိုးလင်းဦးပရိသတ်တွေနားဆင်ဖို့မျှဝေပေးလိုက်ပါတယ်။

Video - Nay War

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။