အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်က ချီကာဂိုဆေးရုံမှာ သေနတ်သမားတစ်ဦးဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။

၎င်းသေနတ်ပစ်ခတ်မှုကတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မှဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ 

သေနတ်သမားဟာ ဆေးရုံထဲမဝင်ခင် အရင်ဆုံး ဆရာဝန်တစ်ဦးကိုပစ်သတ်ခဲ့တယ်လို့သိရပါတယ်။

၎င်းသေနတ်သမားအမျိုးသားဟာ သူပစ်သတ်ခဲ့တဲ့ဆရာဝန်နဲ့ စေ့စပ်ထားသူတစ်ဦးဖြစ်ပြီး စေ့စပ်လပ်စွပ်ကို ပြန်တောင်းခဲ့တာကိုတွေ့ရှိခဲ့ရပြီးနောက်မှာတော့ ၎င်းဆရာဝန်ကိုအရင်ဦးဆုံးပစ်သတ်ခဲ့ရာကနေ ဒီအမှုကစတင်လာခဲ့တာပဲဖြစ်ပါတယ်။ 

အဲ့ဒီနောက်မှာတော့ သေနတ်သမားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်ကြတာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင်သေနတ်သမားရဲ့ပစ်ခတ်မှုကြောင့် ဆေးဝါးဆိုင်ရာဝန်ထမ်း တစ်ယောက်လည်းသေဆုံးခဲ့သလို အခြားသောလူ နှစ်ယောက်လည်းသေဆုံးခဲ့ပါတယ်လို့သိရပါတယ်။  

source- DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။