ဘာစီလိုနာအသင်​းဟာမ​နေ့ညကချန်​ပီယံလိဂ်​သမိုင်​းမှာ​အ​ကြီးကြယ်​ဆုံးပြန်​လာနိုင်​မှုကိုလုပ်​​ဆောင်​ပြသွားနိုင်​ခဲ့ပြီးလီ​ဗာပူးအသင်​း​ခေါင်​း​ဆောင်​​ဟောင်​းစတီ​ဗင်​ဂျာရတ်​ကလည်​း၎င်းရဲ့ဘဝမှာအံ့ဖွယ်​တစ်​ဦးချင်​းစွမ်​း​ဆောင်​ရည်​​တွေထဲကတစ်​ခုကိုမြင်​​တွေ့ခဲ့ရတယ်​လို့​ပြောလိုက်​ပါတယ်​။

ကတ်​တလန်​ကလပ်​ဟာပထမအ​ကျော့၄ဂိုးပြတ်​်​အရှုံးမှပီအက်​ဂျီကိုမ​နေ့ညကနူးကမ်​့မှာ၆ဂိုး၁ဂိုးနဲ့မယုံနိုင်​ဖွယ်​အနိုင်​ယူပြခဲ့ကာနှစ်​​ကျော့​ပေါင်​းရလဒ်​ ၆ဂိုး၅ဂိုးနဲ့​နောက်​တဆင်​့ကိုတက်​ရောက်​သွားခဲ့ပါတယ်​။

ဆာဂျီယို​ရော်​ဘတ်​တိုဟာဘာစီလိုနာကို​နောက်​တဆင်​့တက်​​ရောက်​​စေမယ်​့အနိုင်​ဂိုးကိုသွင်​းယူ​ပေးခဲ့​ပေမယ်​့လည်​းမ​နေ့ညကနိုင်​ပွဲအတွက်​တကယ်​့သူရဲ​ကောင်​းက​တော့​​ဘာစီလိုနာတိုက်​စစ်​မှုး​နေမာလို့စတီ​ဗင်​ဂျာရတ်​ကယုံကြည်​​နေပါတယ်​။

လွန်​ခဲ့တဲ့၂၀၀၅ခုနှစ်​ကလီ​ဗာပူးချန်​ပီယံလိဂ်မှာဗိုလ်စွဲခဲ့စဉ်က​​ပြိုင်​ပွဲသမိုင်​းတစ်​​လျှောက်​အံ့ဖွယ်​ပြန်​လာနိုင်​ခဲ့တဲ့ပွဲ​တွေထဲကတစ်​ပွဲကိုဖန်​တီး​ပေးခဲ့သူစတီ​ဗင်​ဂျာရတ်​က "ကမ္ဘာ့အဆင်​့ကစားသမား​တွေဆိုတာအလွန်​အ​ရေးကြီိးတဲ့အချိန်​မှာကြီးကြယ်​တဲ့အခိုက်​အတန်​့​တွေဖန်​တီး​ပေးနိုင်​ကြပါတယ်​။

ဆွာရက်​နဲ့မက်​ဆီဟာမ​နေ့ညကပီအက်​ဂျီနဲ့ပွဲမှာငြိမ်​သက်​​နေခဲ့ကြပါတယ်​။ ဒါ​ပေမယ်​့​နေမာက​တော့ကျွန်​​တော်​မြင်​ခဲ့ဖူးသမျှ​တွေထဲကအ​ကောင်​းဆုံးစွမ်​း​ဆောင်​မှုတစ်​ခုကိုလုပ်​​ဆောင်​ပြသွားခဲ့ပါတယ်​။" လို့​ပြောသွားပါတယ်​။

ဘာစီလိုနာဟာမ​နေ့ညနူးကမ်​့မှာပီအက်​ဂျီကိုပွဲချိန်​၈၇မိနစ်​အထိ၃ဂိုး၁ဂိုးနဲ့သာအနိုင်​ရရှိထားတာ​ကြောင်​့​နောက်​ထပ်​သုံးဂိုးသွင်​းမှ​နောက်​တဆင်​့ကိုတက်​​ရောက်​နိူင်​မှာဖြစ်​​ပေမယ့်​လည်​း​နေမာရဲ့ ၈၈ ၉၁ မိနစ်​ဂိုး​တွေနဲ့အတူပြန်​လာနိုင်​ခဲ့ပြီးနာကျင်​အချိန်​ပို​နောက်​ဆုံးမိနစ်​မှာ​တော့ဆာဂျီယို​ရော်​ဘတ်​တိုက​နောက်​တဆင်​့တက်​​ရောက်​​စေမယ်​့ဂိုးသွင်​းယူ​ပေးခဲ့ကာချန်​ပီယံလိဂ်​သမိုင်​းရဲ့ကြီးကြယ်​လှတဲ့​အောင်​ပွဲတစ်​ခုကိုရယူနိုင်​ခဲ့ပါတယ်​။

Ref: Marca

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။