အာစီယံဆူဇူကီးဖလားပြိုင်ပွဲအုပ်စု(က)ကြီးရဲ့ပရိတ်သတ်စိတ်အဝင်စားဆုံးပွဲတစ်ပွဲဖြစ်တဲ့မြန်မာအသင်းနဲ့ဗီယက်နမ်အသင်းတို့ပွဲစဉ်ကိုဒီနေ့ည(၆)နာရီအချိန်မှာရန်ကုန်မြို့သုဝဏ္ဏကွင်းမှာကျင်းပခဲ့ပါတယ်။ပွဲအပြီးမှာတော့ဂိုးမရှိသရေနဲ့သာပွဲပြီးဆုံးခဲ့ပါတယ်။ဒီပွဲကိုမြန်မာပရိတ်သတ်ကွင်းလုံးပြည့်အားပေးခဲ့ကြတာပါ။ဒီပွဲသရေကြောင့်မြန်မာအသင်းဟာအုပ်စုအဆင့်၁နေရာပဲရပ်တည်နေပါတယ်။

ပွဲစတယ်ဆိုတာနဲ့ပရိတ်သတ်တွေရဲ့ကြွေးကြော်အငံတွေကလည်းသုဝဏ္ဏကွင်းကြီးတစ်ခုလုံးကိုဟိန်းထစေပြီးကစားသမားတွေအတွက်စိတ်ဓာတ်တွေတက်ကြွလာတာပါ။မြန်မာအသင်းဟာတိုက်စစ်မှူးအောင်သူနဲ့တူတူပွဲထွက်လာခဲ့ပြီးဗီယက်နမ်အသင်းကိုကစားကွက်အသာစိုးမိုးနိုင်ခဲ့ပါတယ်။ဗီယက်နမ်အသင်းကတော့ကွင်းလယ်နဲ့အနောက်သာအပေးယူလုပ်ခဲ့ပြီးတစ်ခါတရံသာထိုးဖောက်တာပါ။မြန်မာအသင်းဟာပထမပိုင်းမှာကစားပုံကောင်းမွန်ခဲ့ပေမယ့်လည်းဗီယက်နမ်အသင်းနဲ့နောက်တန်းကလည်းအကောင်းဆုံးကာကွယ်နေတာကြောင့်ပထမပိုင်းအပြီးမှာဂိုးမရှိသရေသာကျခဲ့တာပါ။

ဒုတိယပိုင်းပွဲစချိန်မှာတော့မြန်မာအသင်းဟာတစ်ခါတရံမှသာထိုးဖောက်နိုင်ခဲ့ပြီးဗီယက်နမ်အသင်းရဲ့ကွင်းလယ်နဲ့ခံစစ်ကစားသမားတွေကြောင့်မြန်မာအသင်းဂိုးရဖို့ခက်ခဲ့နေတာပါ။ဗီယက်နမ်အသင်းကလည်းမြန်မာအသင်းဖက်ကိုထိရောက်တဲ့တိုက်စစ်တွေနဲ့ထိုးဖောက်ခဲ့ပေမယ့်ဂိုးသမားနဲ့နောက်တန်းကစားသမားတွေကိုမကျော်တာကြောင့်ဂိုးရဖို့ခက်ခဲခဲ့ပါတယ်။ပွဲပြီးခါနီးမှာတော့မြန်မာအသင်းဟာတခါတရံသာထိုးဖောက်ခဲ့ပြီးပွဲပြီးဆုံးအချိန်မှာဂိုးမရှိသရေကျခဲ့ပါနတယ်။မြန်မာအသင်းဟာဒီပွဲသရေကြောင့်၇မှတ်ရရှိထားပြီးမလေးရှားအသင်းကိုသရေကျရုံနဲ့အုပ်စုတက်နိုင်မှာဖြစ်ပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။