ပရိသတ်တွေရဲ့ အသည်းကျော် ခေးလေးကတော့ ယနေ့ညနေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ-ဗီယက်နမ် ဘောလုံးပွဲစဉ်ကို ခင်ပွန်းဖြစ်သူ ထက်ဦးလှိုင်နဲ့အတူ ကွင်းထဲထိ ကိုယ်တိုင်သွားပြီး အားပေးခဲ့ပါတယ်..။

ယနေ့ နိုဝင်ဘာ(၂၀)ရက်နေ့ ညနေ(၆)နာရီက သုဝဏ္ဏအားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မြန်မာ-ဗီယက်နမ် ဘောလုံးပွဲစဉ်ကို သူတို့ဇနီးမောင်နှံအပြင် မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ သွားရောက်အားပေးခဲ့တာ ဖြစ်ပါတယ်..။

ခေးလေးတို့ဇနီးမောင်နှံလေးကတော့ တချိန်က ဂီတလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ မိန်းကလေအဆိုတော် NO အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်း ရတနာအပြင် အခြားအနုပညာရှက်များနဲ့အတူ မြန်မာ-ဗီယက်နမ်ဘောလုံးပွဲကို သွားရောက် အားပေးခဲ့တာပဲ ဖြစ်ပါတယ်..။

လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးလေးနဲ့ ဘောလုံးပွဲကို ကွင်းထဲထိ ကိုယ်တိုင်ကိုယ်ကျ သွားပြီး အားပေးခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်..။

မြန်မာဘောလုံးအသင်း အကျႌလေးနဲ့ မြန်မာအသင်းဘက်ကနေ သွားရောက်အားပေးခဲ့တဲ့ ခေးလေးတို့ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေ သဘောကျနေကြတာ တွေ့ရပါတယ်..။

ယနေ့နိုဝင်ဘာ(၂၀)ရက်နေ့မှာ မြန်မာအသင်းက အိမ်ရှင်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာ-ဗီယက်နမ် ဘောလုံး ပွဲစဉ်ကတော့ 0-0 (သရေ)နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်..။

Photo - May Thu၊ ယွန်းဝတီလွင်မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။