နိုင်ငံတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် အစားအသာက်တွေရှိကြပြီး ဒီလိုမျိုးအစားအသောက်တွေဟာ သူတို့ရဲ့အမှတ်တံဆိပ်လို့တောင် ပြောလို့ရပါတယ်။ဒီတစ်ခါမှာတော့ ဥရောပ နိုင်ငံတွေရဲ့ ထင်ရှားတဲ့အစားအသောက်လေးတွေကို ပြောပြပေးလိုက်ပါတယ်။ပြင်သစ်နိုင်ငံမှာတော့ တမူထူးခြားတဲ့အစားအသောက်တွေနဲ့ကောင်းမွန်တဲ့ဝိုင်တွေရှိပါတယ်။ တစ်ကယ်လို့ ပြင်သစ်ကိုသွားလည်တော့မယ်ဆိုရင် ကြက်သွန်ဖြူတွေ၊ထောပတ်တွေနဲ့ ရောနှောချက်ပြုတ်ထားတဲ့ ပက်ကျိ ဟင်းလျာ ကို စားကြည့်သင့်ပါတယ်။ဖားခြေထောက်ကြော်ဟင်း ဟာလည်းအရသာရှိတယ်လို့ နာမညါကြီးပါတယ်။ သူတို့ရဲ့ အရသာဟာ ကြက်သားအရသာနဲ့တောင်နည်းနည်းသွားတူနေပါသေးတယ်။

အီတလီမှာဆိုရင်တော့ အံ့သြဖွယ်ကောင်းလောက်တဲ့ အစားအသောက်တွေအပြည့်နဲ့ပါ။ အီတလီရဲ့ Spaghetti ခေါက်ဆွဲဟာ အလွန်နာမည်ကြီးပီး အရသာရှိလှပါတယ်။ ဒါပေမယ့် Spaghetti ခေါက်ဆွဲကို မူလပထမတီထွင်ခဲ့တဲ့သူတွေက တရုတ်လူမျိုးတွေပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ရ၀၀ လောက်က မာကိုပိုလိုဟာ တရုတ်ပြည်ကို ရောက်ရှိခဲ့ပီး အဆိုပါခေါက်ဆွဲဟင်းလျာချက်ပြုတ်နည်းကိုလဲ အီတလီနိုင်ငံကို ယူဆောင်သွားခဲ့တာပဲဖြစ်ပါတယ်။ 

ဂျာမနီတွေရဲ့ ထင်ရှားတဲ့အစားအသောက်ကတော့ ဂေါ်ဖီချဉ်တွေ၊၀က်အူချောင်းတွေနဲ သူတို့နိုင်ငံရဲ့ ကိုယ်တိုင်ထုတ် ဘီယာတွေပဲဖြစ်ပါတယ်။ အင်္ဂလန်နိုင်ငံမှာတော့ ငါးနဲ့အားလူးကိုကြော်ထားတဲ့ဟင်းလျာနဲ့ လဖ္ဘက်ရည်ပူပူတစ်ခွက် သောက်ခြင်းဟာ သူတို့နိုင်ငံရဲ့ အမှတ်တံဆိပ်ပါ။ စပိန်နိုင်ငံမှာတော့ အရည်ရွှမ်းတဲ့ လိမ္မော်သီးတွေ ကို ကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီနိုင်ငံတွေကို ရောက်ခဲ့ရင် သူတို့ရဲ့ ကျော်ကြားတဲ့အစားအသောက်တွေကို စားကြည့်ခဲ့ဖို့ မမေ့နဲ့နော်။

Source : Google (European Food)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။