ကမ္ဘာပေါ်မှာရှေးအကျဆုံးတက္ကသိုလ်တစ်ခုအဖြစ်နာမည်ကြီးတဲ့ Al-Azhar တက္ကသိုလ်ဟာအီဂျစ်နိုင်ငံ ကိုင်ရိုမြိူ့မှာရှိတာဖြစ်ပါတယ်။AD 972 ခုနှစ်မှာ ဘာသာရေးအဆောက်အအုံဖြစ်တည်ဆောက်ခဲ့ပီး နှစ်အနည်းငယ်ကြာလာတဲ့အခါမှာတော့ ကျောင်းသားနဲ့ဆရာအချို့ဟာသင်ခန်းစာများကိုလေ့ကျင့်ရန်အတွက်အဆိုပါဘုရားကျောင်းထဲစုဝေးလာရာမှအစပြုလာခဲ့ပါတယ်။AD 988 အရောက်မှာတော့ ကိုင်ရိုမြို့ကိုအုပ်ချုပ်တဲ့သူတွေဟာ စာသင်ကြားခြင်းကိုမြင့်မြင့်မားမားဖြစ်စေရန်အတွက် ကျောင်းတစ်ကျောင်းတည်ဆောက်ရန်ဆုံးဖြတ်ခဲ့ချိန်မှစရျ် Al-Azhar တက္ကသိုလ်ကြီးကိုတည်ထောင်ခဲ့ပါတယ်။ 

Al-Azhar တက္ကသိုလ်ကြီးမှာ ပထမဆုံးသင်ကြားခဲ့တဲ့ဘာသာရပ်တွေကတော့ ဥပဒေပညာရပ်နှင့် လူမျိုးရေးဆိုင်ရာတို့ပဲဖြစ်ပါတယ်။သင်ကြားမှုပိုင်းဆိုင်ရာမှာလည်းကျောင်းသားတွေဟာ ဆရာနဲ့အတူကျက်မှတ်လေ့လာရပါတယ်။သို့သော်လည်း သင်ကြားပီးသမျှကို လွတ်လပ်စွာဆွေးနွေးခြင်းတွေမရှိပါဘူး။ဒါကြောင့် မကြာခဏ ကျောင်းသားနဲ့ဆရာတွေဟာ ခေါင်းစဉ်တစ်ခုကို အခြေအတင်ငြင်းခုံကြရပီး အဖြေမှန်ဘယ်လိုမှထွက်မလာခဲ့ပါဘူး။နောက်ဆုံးမှာတော့ Al-Azhar တက္ကသိုလ်ကို ကမ္ဘာအနှံ့က ပညာရှင်တွေ ရောက်ရှိလာကာ ကျောင်းသားတွေကိုသင်ကြားပေးပီးသုတေသနတွေလည်းလုပ်ဆောင်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်လောက်က Al-Azharတက္ကသိုလ်ကြီးဟာကမ္ဘာပေါ်မှအရေးပါရျ်နာမည်အကြီးဆုံးဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်စာကြည့်တိုက်အတွင်းမှာ ရှေးအကျဆုံးနှင့် တန်းဖိုးကြီးတဲ့စာအုပ်ပေါင်း နှစ်သိန်းခွဲကျော်ရှိပါတယ်။ယခုခေတ်မှာတော့ ကမ္ဘာပေါ်တွင် အောက်စဖိုဒ့် နှင့် ဟားဗတ်ကဲ့သို့နာမည်ကြီးတက္ကသိုလ်အများအပြားဟာ Al-Azhar တက္ကသိုလ်၏သင်ကြာရေးပုံစံများကိုဆက်လက်ကျင့်သုံးလျက်ရှိပါတယ်။

Source: Google (Al-Azhar University)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။