သြစတေးလျနိုင်ငံ ကွင်းစလန်းပြည်နယ် ဘရစ်စဘိန်းမြို့က တိုက်ခန်းမှာ နေထိုင်တဲ့အမျိုးသားတစ်ဦး ဟာ ချစ်သူကစွပ်ပြုတ်လုပ်စားကာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဖြစ်ပွားခဲ့ပါတယ်။

စာဖိုမှုးတစ်ယောက်ဖြစ်တဲ့ Marcus Volke ဟာ သူနေထိုင်ရာတိုက်ခန်းမှာ သူ့ရဲ့ချစ်သူကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး လက်စဖျောက်အောင် စွပ်ပြုတ်အဖြစ်လုပ်စားခဲ့တာပဲဖြစ်ပါတယ်။

Marcus ရဲ့ချစ်သူဟာ လိင်ပြောင်းထားတဲ့ အပျော်မယ်တစ်ဦးဖြစ်ပြီး မိသားစုကိုငွေကြေးပို့ပေးနိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံကနေအလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။

Marcus ဟာ ချစ်သူကို အိုးအတွင်းမှာ စွပ်ပြုတ်ချက်နေစဉ် ရှော့ခ်ဖြစ်ပြီး မီးပြတ်နေတဲ့အကြောင်း မီးပြင်သမားကိုတောင် သွေးအေးအေးနဲ့ ဖုန်းဆက်မေးခဲ့ပါသေးတယ်။

သူက “မင်္ဂလာပါ ၂၄ နာရီလျှပ်စစ်ဝန်ဆောင်မှုကလား ခင်ဗျ ၊ကျွန်တော့အိမ်မှာ မီးပြတ်ပြီး ပြသနာတက်နေလို့ပါ စွပ်ပြုတ်ချက်နေတုန်း ဟင်းအိုးဝေကျပြီး မီးဖိုပေါ်ကျလို့ ဝါယာရှော့ခ်ဖြစ်နေလို့ပါ တစ်ချက်လောက်လာကြည့်ပေးနိုင်မလား”လို့ ခေါ်ခဲ့ပါတယ်။

မီးပြင်သမား Mr Coyne ရောက်လာတဲ့အခါမှာ မသကာင်္စရာ အနံ့အသတ်တွေရခဲ့ပါတယ်။ လူတစ်ယောက်နဲ့ ရုန်းယင်းဆန်ခတ် ဖြစ်ထားတဲ့အနေအထားတစ်ခုကို မြင်ခဲ့ရလို့သံသယဖြစ်ခဲ့ပေမယ့် တရားခံက ဝက်သားစွပ်ပြုတ်ချက်နေတာလို့ လိမ်ပြောခဲ့တာပါ။

ဒါ့ကြောင့် မီးပြင်သမားက မသိသလို ပြန်လာခဲ့ပြီးနောက် ရဲစခန်းကို ဖုန်းဆက်သတင်းပေးခဲ့ရာက ရဲတွေရောက်လာချိန် တရားခံ Marcus က ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

လမ်းမမှာ ရဲတွေဝိုင်းထားတဲ့နောက်ဆုံး ဖမ်းဆီးအရေးယူမှုတွေမလုပ်ခင် သူ့လည်ပင်းသူဓားနဲ့လှီးကာ သက်သေသွားခဲ့တာပါ။

လူတွေသိချင်နေတဲ့ ဘာကြောင့်ချစ်သူကို သတ်ခဲ့လဲဆိုတာတော့ အခုချိန်ထိ အမှုမှန်မသိရသေးပါဘူး။

Source - TXPA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။