မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဂတ်ဆီဇီသည် ၂၀၁၉ အာရှဖလား ခြေစစ်ပွဲ အုပ်စုအဖွင့် ပွဲစဉ်ဖြစ်သည့် အိန္ဒိယ လက်ရွေးစင် အသင်းနှင့် ပွဲစဉ်အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် အသင်း လူစာရင်းအား ယနေ့ ထုတ်ပြန် လိုက်ပြီဖြစ်သည်။

ပဏာမ ကစားသမား (၂၆)ဦး စာရင်းတွင် ၀ါရင့် ကစားသမား တစ်ဦးဖြစ်သည့် ဆူဇူကီးဖလား ပြိုင်ပွဲဝင် ရှမ်းယူနိုက်တက် အသင်းနောက်ခံလူ ၀င်းမင်းထွဋ် ဆက်လက်ရွေးချယ် ခံရပြီး လက်ရွေးစင် အသင်းနှင့် အတန်ငယ် ဝေးကွာ နေသည့် သီဟစည်သူ(ဂိုး)၊ တင်ဝင်းအောင်၊ သက်နိုင် (ကွင်းလယ်)၊ သိန်းသန်းဝင်း (နောက်တန်း)တို့လည်း ပြန်လည်ပါ၀င်လာခဲ့ကြသည်။ လူငယ် ကစားသမားများ အဖြစ် ဖုန်းသစ္စာမင်း (ဂိုး)၊ စိုးမြတ်သူ၊ စည်သူအောင်၊ သန်လန်ဟက်ထန်တို့လည်း ပါ၀င်လာကြပြီး ဆူဇူကီးဖလားတွင် မပါ၀င်ခဲ့သည့် ရန်ကုန် ယူနိုက်တက် တိုက်စစ်မှူး ကျော်ကိုကိုလည်း ပြန်လည်ပါ၀င် လာခဲ့သည်။

မြန်မာ့ လက်ရွေးစင် အသင်းသည် ၂၀၁၉ အာရှဖလား ခြေစစ်ပွဲအဖြစ် ယခု မတ်လ ၂၈ ရက်နေ့၊ ရန်ကုန်မြို့ YTC ကွင်းတွင် အိန္ဒိယ အသင်းနှင့် စတင်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ အဆိုပါ ခြေစစ်ပွဲ မတိုင်မီ မတ်လ ၂၂ ရက်နေ့ တွင်လည်း အာဖရိကမှ လက်ရွေးစင် အသင်းတစ်သင်းနှင့် ရန်ကုန်မြို့တွင် ဖိတ်ခေါ် ခြေစမ်းပွဲ ကစားရန် MFF မှ စီစဉ် ဆောင်ရွက်လျက် ရှိသည်။

ရွေးချယ်ထားသည့် ပဏာမ လူစာရင်း

ရှေ့တန်း - ကျော်ကိုကို၊ သန်းပိုင် (ရန်ကုန်)၊ အောင်သူ (ရတနာပုံ)

ကွင်းလယ် - မျိုးကိုထွန်း၊ သက်နိုင်၊ စည်သူအောင် (ရတနာပုံ)၊ ရန်အောင်ကျော် (ရန်ကုန်)၊ စိုးမြတ်သူ (ဆောက်သမ်းမြန်မာ)၊ ဆမ်လန်မန် (ချင်း)၊ တင်ဝင်းအောင်၊ရန်နိုင်ဦး (ရှမ်း)၊ မောင်မောင်လွင်(ဟံသာဝတီ)

နောက်တန်း - နန္ဒကျော်၊ ကျော်ဇင်လွင် (မကွေး)၊ သိန်းသန်းဝင်း (ရတနာပုံ)၊ ဟိန်းသီဟဇော်၊ ၀င်းမင်းထွဋ် (ရှမ်း)၊ သန်လန်ဟက်ထန် (ချင်း)၊ ဖြိုးကိုကိုသိန်း (ဧရာဝတီ)၊ ဇော်မင်းထွန်း၊ ဒေးဗစ်ထန် (ရန်ကုန်)၊ ဇင်ဖြိုးအောင် (ဇွဲကပင်)

ဂိုး-ပြည့်ဖြိုးအောင် (ဆောက်သမ်း)၊ ရန်အောင်လင်း (ရတနာပုံ)၊ သီဟစည်သူ၊ ဘုန်းသစ္စာမင်း (ရှမ်း)

ပဏာမ လူစာရင်းတွင် ပါ၀င်သော ကလပ်အသင်းများမှ အရေအတွက်

ရတနာပုံ အက်ဖ်စီ (၆) ဦး

ရန်ကုန် ယူနိုက်တက် (၅) ဦး

ရှမ်း ယူနိုက်တက် (၆) ဦး

ဆောက်သမ်းမြန်မာ (၂)ဦး

ချင်းယူနိုက်တက် (၂) ဦး

မကွေး အက်ဖ်စီ (၂) ဦး

ဧရာဝတီ ယူနိုက်တက် (၁) ဦး

ဇွဲကပင် ယူနိုက်တက် (၁) ဦး

ဟံသာဝတီ ယူနိုက်တက် (၁)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။