"ရဲရင့်သောမြန်မာအမျိုးသမီး" အဖြစ် ရွေးချယ်ခြင်းခံရသော ခိုင်နှင်းဝေ

၂၀၁၇ မတ်လ ၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးသမီးများအနေ့အတွက် သရုပ်ဆောင် ခိုင်နှင်းဝေကို ရဲရင့်သောမြန်မာအမျိုးသမီးဆု ဂုဏ်ပြုချီမြှင့်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီ ခိုင်နှင်းဝေဟာ ၂၀၁၅ ဇူလိုင်လမှာ ရေဘေးဒုက္ခသည်တွေကို သွားရောက်လှူဒါန်းရာမှစပြီး ခိုင်နှင်းဝေ ပရဟိတအဖွဲ့ကို စတင်ဖွဲ့စည်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူမဦးဆောင်တဲ့ ပရဟိတအဖွဲ့ဟာ လှူချင်ပေမယ့် ကိုယ်တိုင်သွားရောက်မလှူနိုင်တဲ့ သူတွေအတွက် ကိုယ်စားသွားရောက်လှူဒါန်းပေးခြင်း သဘာဘေးအန္တရာယ် ကျရောက်နေတဲ့ နေရာတွေနဲ့ မိဘမဲ့ကလေးတွေကို အလှူရှင်တွေ ဆန္ဒအပေါ်မူတည်ပြီး ဦးဆောက်လုပ်ကိုင်ပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ အနုပညာလောကမှာ တဟုန်ထိုးအောင်မြင်နေရာမှ ရုတ်တရက် အိမ်ထောင်ပြုခဲ့ပါတယ်။ အိမ်ထောင်ရေးမှာလည်း ခင်ပွန်းသည်ရဲ့ အိမ်တွင်းအကြမ်းဖက်မှုဒဏ် အိမ်ထောင်ရေးဖောက်ပြန်မှုဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီး လက်ရှိမှာတော့ သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေနဲ့အတူ ပရဟိတလုပ်ငန်းတွေကိုပါ လုပ်ဆောင်လျက်ရှိနေပါတယ်။

သူမဟာ ကလေးသူငယ်လူကုန်ကူးမှုကာကွယ်စောင့်ရှောက်ရေး သံတမန်အဖြစ် လှုပ်ရှားဆောင်ရွက်မှုများစွာလုပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေမှာ အားတက်သရော ပါဝင်ကူညီ ဆောင်ရွက်ခဲ့မှုတွေကြောင့် ၂၀၁၇ မတ်လ ၈ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် "ရဲရင့်သော မြန်မာအမျိုးသမီး" အဖြစ် ဂုဏ်ပြုချီးမြှင့်ခြင်း ခံရတာပဲဖြစ်ပါတယ်။

Source: Myanmar Women Society

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။