ကမ္ဘာကျော် အရက်အမျိုးအစားတစ်ခုဖြစ်တဲ့ Tequila အရက်ဟာ အခုအခါမှာ ကုန်ကြမ်းရှားပါးမှုနဲ့ ရင်ဆိုင်နေရလို့ မကြာခင်မှာ ဈေးကွက်တွင်းမှာ ရောင်းကုန်ပြတ်တောက်သွားရဖို့အထိ ရှိနေတယ်လို့ သိရပါတယ်။ Tequila အရက်ဆိုတာ မက္ကဆီကိုစတိုင် ချက်ထားတဲ့ အရက်တစ်မျိုးဖြစ်ပြီး၊ ဈေးနှုန်းအမျိုးမျိုး အမျိုးအစား အမျိုးမျိုး ကွဲပြားပါတယ်။ မက္ကဆီကိုနိုင်ငံ၊ Tequila မြို့မှာ အခြေပြုထုတ်လုပ်တဲ့ အရက်ဖြစ်လို့ Tequila အရက်အဖြစ် ဈေးကွက်က သတ်မှတ်ခဲ့တာပါ။ ဈေးကွက်မှာယူမှုနဲ့ အရက်ထုတ်လုပ်မှုအချိုးမှာ မှာယူမှုက ပိုများနေခဲ့လို့၊ နှစ်စဉ်ဆက်တိုက်ထုတ်လုပ်ခဲ့ရာမှ အခုအခါ အဓိကကုန်ကြမ်းဖြစ်တဲ့ ရှားစောင်းစေးပင်ဟာ အလွန်ကို ရှားပါးလာခဲ့ပြီ ဖြစ်ပါတယ်။ 

(၂၀၂၁)ခုနှစ်မှာ ဝယ်လိုအားဟာ အမေရိကန်ဒေါ်လာ (၉)ဘီလီယံဖိုးအထိ ရှိနိုင်ပြီး၊ ဒီအတွက်လည်း ဈေးကွက်အသီးသီးမှာ Tequila အရက်ကို သူ့ထက်ငါ အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချနေကြပါတယ်။ ဒါကြောင့်လည်း အဓိကကုန်ကြမ်းဖြစ်တဲ့ Agave အမျိုးအစား ရှားစောင်းအပင်တွေ (မြန်မာပြည်တွင် သင်္ဘောနာနတ်ပင်ဟုလည်းခေါ်၊ နာနတ်ရိုင်းပင်ဟုလည်း ခေါ်)ဟာ ရှားပါးလာခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါအပင်ရဲ့ အသီးကို အရက်ချက်ရာမှာ အသုံးပြုတာဖြစ်ပြီး၊ အသီးရင့်လေ၊ အရက်ရဲ့ အရည်အသွေး ပိုကောင်းလေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာ ဈေးကွက်ဝယ်လိုအားအရ အသီးရင့်ချိန်ထိပင် မစောင့်တော့ဘဲ နုတဲ့အသီးတွေကို အသုံးပြုနေကြရပြီး၊ ဒီအတိုင်းဆို မကြာခင်မှာ Tequila အရက်ဟာ ပြတ်တောက်သွားဖို့ ရှိနေပါတယ်။ 

ရှားစောင်းပင်တွေဟာ ရင့်မှည့်ချိန်ရောက်ဖို့ အနည်းဆုံး (၇)နှစ်အထိ စောင့်ဆိုင်းမှ အရည်အသွေး ပြည့်မီတဲ့ အသီးတွေ သီးတာပါ။ ဒီအသီးကို နည်းနည်းလေး အသုံးပြုရုံနဲ့ အရည်အသွေးပြည့်မီတဲ့ အရက်တွေ မြောက်များစွာ ထုတ်လုပ်နိုင်ပါတယ်။ဒါပေမယ့် ရှားစောင်းအပင်ငယ်ငယ်က အသီးအနုတွေကိုသာ သုံးနေရလို့ များများအသုံးပြုမှ အရက်အရည်အသွေးက ကောင်းတဲ့သဘော ဖြစ်နေပါတယ်။ ဒါဟာ ရှားစောင်းအပင်တွေဟာ ပိုပြီးရှားပါးလာရတဲ့ အကြောင်းတစ်ချက်ပါ။ ဒီကမှတစ်ဆင့် Tequila အရက်ဟာ ကမ္ဘာပေါ်မှ ကွယ်ပျောက်သွားဖို့ ရှိနေပါတယ်။   

Source : Original Upload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။