အမေရိကန် သမ္မတတစ်ယောက်ရဲ့ အမြင့်မားဆုံး အဆောင်အယောင်က Air Force One လေယာဉ်ဖြစ်ပါတယ်။ Air Force One လေယာဉ်ဟာ လက်ရှိအမေရိကန် သမ္မတဒေါ်နယ်ထရန် ့အပါအဝင် အမေရိကန် သမ္မတတွေကို ကမ္ဘာအရပ်ရပ်က ထိပ်သီးအစည်းအဝေးပွဲတွေဆီ ပို့ဆောင်နေတဲ့ အဓိကအကျဆုံး သယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်ပါတယ်။

Air Force One လေယာဉ်အတွင်းထဲမှာ အထပ်သုံးထပ်ပါအောင် တည်ဆောက်ထားပါတယ်။ စတုရန်းပေ လေးထောင် ကျယ်ဝန်းတဲ့ ပမာဏပေါ်မှာ တည်ဆောက်ထားတာဖြစ်ပါတယ်။ အတွင်းထဲမှာ ကြီးမားတဲ့ ရုံးခန်းတွေ၊ ရေချိုးခန်းတွေနဲ့ အစည်းအဝေးခန်းမတစ်ခန်းပါဝင် ပါတယ်။သမ္မတနဲ့ အိမ်ဖြူတော် အရာရှိအဖွဲ့တွေ အလုပ်လုပ်လို့ ကောင်း ရုံတင်မကပဲ တိုက်ခိုက်မှုရန်က ကင်းလွတ်နိုင်အောင်လည်း နောက်ဆုံးပေါ် လက်နက်တွေတပ်ဆင်ထားပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ ကို ခုခံတုန့်ပြန်နိုင်မယ့် ခေတ်မီလက်နက်တွေအပြင် လိုအပ်လာရင် ရွေ့လျား ထိန်းချုပ်ရေး စင်တာအဖြစ်ပါ ပြောင်းလဲပစ်နိုင်ပါတယ်။ သမ္မတနဲ့ အရာရှိတွေက ဒီလေယာဉ်ပေါ်မှာနေပြီး မြေပြင်၊ ဝေဟင်က အဖွဲ့တွေကို ကွပ်ကဲနိုင်မှာ ဖြစ်ပါတယ်။

Source: Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။