Qualcomm က Snapdragon X50 5G Modems ကို လာမယ့်နှစ်မှာ စမတ်ဖုန်းကုမ္ပဏီများနဲ့ ဖုန်းအစိတ်အပိုင်း ထုတ်လုပ်သူများအား ပံ့ပိုးပေးတော့မှာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီများထဲမှာ Asus, Fujitsu, HMD Global, HTC, LG, OPPO, Sharp, Sony, Vivo, Xiaomi, ZTE တို့ ပါ၀င်ကြပါတယ်။ အဲဒီအတွက် လာမယ့်နှစ််မှာ 5G စမတ်ဖုန်းနဲ့ တက်ဘလက်များကို ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ 

Qualcomm က AT&T, China Mobile, Orange, SK Telecom, Verizon, Vodafone တို့ဟာ သူတို့ ကွန်ရက်များကို 5G အဆင့်မြှင့် စမ်းသပ်ခြင်းကို ပြုလုပ်ကြမယ်လို့ ပြောပါတယ်။ Qualcomm က ယခုလနှောင်းပိုင်းမှာ ကျင်းပမယ့် Mobile World Congress (MWC) မှာ Snapdragon X50 5G Modem ကို သရုပ်ပြသမှာဖြစ်ပြီး သူဟာ တစ်စက္ကန့်လျှင် Gigabits ပေါင်းများစွာကို ဒေါင်းလုပ်ပြုလုပ်ပေးနိုင်ပါတယ်။

မကြာခင်ကလည်း Samsung နဲ့ Qualcomm တို့ဟာ 5G နည်းပညာများကို မျှဝေအသုံးပြုဖို့ သဘောတူညီခဲ့ကြပါတယ်။ Apple ကတော့ 5G ဆက်သွယ်မှုကို ပံ့ပိုးပေးဖို့ မပြောကြားသေးပါဘူး။ PCs, VR, AR Headsets များအတွက် 5G ဟာ အင်တာနက်ကို အချိန်ပြည့် ပံ့ပိုးပေးနိုင်မယ်လို့ ပြောပါတယ်။

Source: Mobile Guide

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။