Franco Luis Ferrada Romanအမည်ရ အသက်၂ဝအရွယ်ရှိအမျိုးသားဟာ သူ့ကိုယ်သူသေကြောင်းကြံတဲ့အနေနဲ့ တစ်ကိုယ်လုံးကအဝတ်အစားတွေကိုချွတ်ပြီး Chilean တိရစ္ဆာန်ရုံမှာရှိတဲ့ ခြင်္သေ့လှာင်အိမ်ထဲကို အပေါ်ဘက်ကနေ ဝင်ရောက်ခဲ့ပါတယ်။

သူဟာ လှောင်အိမ်ထဲကိုရောက်တဲ့အခါမှာ သူ့ရဲ့အဝတ်အစားမပါတဲ့ခန္ဓာကိုယ်နဲ့ ခြေင်္သ့တွေကို သူ့ကိုစားအောင် ဆွယ်ခဲ့ပါတယ်။ ခြင်္သေ့တွဟာ သူ့ကိုအကဲခတ်သလိုကြည့်နေပြီးနောက် သူ့ခန္ဓာကိုယ်ကို လက်သည်းနဲ့ကုတ်ခြစ်ရိုက်ပုတ်ကြပါတော့တယ်။

လှောင်အိမ်အပြင်ဘက်က ကြည့်ရှုနေသူတွေဟာ ဒီအဖြစ်အပျက်ကြောင့် အလန့်တကြားဖြစ်ခဲ့ရပြီး မိခင်တွေဟာ သူတို့ကလေးငယ်တွေရဲ့မျက်လုံးကို အလျင်အမြန်လက်နဲ့ကာခဲ့ရပါတယ်။

Francoဟာ ခြင်္သေ့တွေ သူ့ခန္ဓာကိုယ်ကို ဒီလိုကုတ်ခြစ်လာတဲ့အခါ ဘုရားစာတွေကို အော်ရွတ်နေခဲ့တယ်လို့သိရပါတယ်။

ဒီဖြစ်ရပ်ကြီးကိုမြင်တွေ့နေရတဲ့ တာဝန်ရှိသူတွေကတော့ ဝမ်းနည်းစွာနဲ့ပံ လူတစ်ယောက်ရဲ့အသက်ကိုကယ်ဖို့အတွက် တာဝန်ရှိသူတွေဟာ ခြင်္သေ့နှစ်ကောင်ကို ပစ်သတ်ခဲ့ရပါတယ်။

သေချင်လို့ ခြင်္သေ့လှောင်အိမ်ထဲဝင်ခဲ့ပေမယ့် သူ့အစားခြေင်္သ့နှစ်ကောင်သေခဲ့ရတဲ့ ဒီဖြစ်ရပ်ကြီးဟာ လူအများကြားမှာတော့ ပြောစမတ်တွင်စရားကြီးတစ်ခုအဖြစ်ကျန်ရှိနေခဲ့တဲ့အတွက် ပရိသတ်တွေသိရှိနိုင်စေဖို့အတွက် ဖော်ပြပေးလိုက်ရပါတယ်။

Source - Brightside

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။