မြန်မာ့ရိုးရာပွဲတော်တွေထဲမှာ ထင်ရှားစည်စည်ကားကားအမြဲလုပ်လေ့ရှိတဲ့ တန်ဆောင်တိုင်ပွဲတော်တွေကိုတော့ ပရိသတ်အားလုံးလည်း ချစ်ကြမယ်ထင်ပါတယ်။ များစွာသောပွဲတော်တွေကို ဒီတလအတွင်းမှာ ပြုလုပ်ကြပြီး ပြည်တွင်းပြည်သူများစွာရဲ့ ပျော်ရွှင်မှုတွေကို ဖန်တီးလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပွဲတော်တွေထဲမှာ တောင်ကြီး မီးပုံးပျံပွဲတော်၊ မြန်မာ့ရိုးရာမဟာဘုံကထိန်ပွဲတော်၊ မသိုးသင်္ကန်ကပ်လှူပူဇော်ပွဲတော်နှင့် အခြားအခြားသောပွဲတော်များစွာကိုပြုလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်။  

စိတ်ဝင်စားစရာကောင်းတဲ့ လတစ်လဖြစ်သလို ပြည်တွင်းပြည်ပမှ မြန်မာလူမျိုးတိုင်းရဲ့ အထွဋ်အမြတ်ထားရာပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ ပွဲတော်တွေထဲမှာ ထူးထူးခြားခြားပြုလုပ်ခဲ့တဲ့ ပုံရိပ်လေးတစ်ခုကတော့ ပရိသတ်တွေကြားရေပန်းစားခဲ့တာတွေ့ရပါတယ်။ ၎င်းပုံရိပ်တွေကတော့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စု၊ ကုလားထိပ်ကျေးရွာရှိ ဗိသုကာဆရာ ဦးကျော်ကျော်နှင့်ပညာရှင်တို့၏ ချီးကျူးလောက်စရာ တီထွင်မှုတစ်ခုပဲဖြစ်ပါတယ်။  

အဆိုပါ တီထွင်မှုကတော့ မြန်မာ့တို့ရဲ့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓစေတီတော်ကို ရေသနိ့်ဘူးတွေဖြင့်ပြုလုပ်ပူဇော်ခြင်းပဲဖြစ်ပါတယ်။ အစိမ်းရောင် ရေသန့်ဘူးတွေဖြင့်ပြုလုပ်ပြုဇော်ခဲ့ပြီး ရေသန့်ကျောက်စိမ်းစေတီတော်ကိုတင်စားခေါ်ဝေါ်ထားတာတွေ့ရပါတယ်။ စိတ်ဝင်စားစရာကောင်းလောက်အောင် ဖန်တီးတီထွင်ထားတဲ့ ရေသန့်ဘူးကျောက်စိမ်းစေတီတော် ပုံရိပ်လေးတွေကို ပရိသတ်တွေဖူးမျှော်နိုင်ရန်မျှဝေပေးလိုက်ပါတယ်။

pHOTOS - Kyaw Soe Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။