YBS စနစ်၏ ပထမဆုံး အမျိုးသမီးယာဉ်မောင်း

လှိုင်သာယာမြို့နယ် အနောက်ပိုင်းတက္ကသိုလ်မှ သခင်မြပန်းခြံအထိ ပြေးဆွဲနေသည့် YBS အမှတ် ၂၁ ယာဉ်လိုင်းတွင် ‘ခ’ လိုင်စင်ကိုင်ဆောင်ထားသော

အသက် ၃၀ အရွယ်ရှိ မမြတ်ရည်မွန်အား မတ်လ ၄ ရက်နေ ့တွင် အမျိုးသမီးယာဉ်မောင်းအဖြစ်ခန် ့အပ်ခဲ့ပါသည်။ ထို ့ကြောင့် မမြတ်ရည်မွန်သည် YBS စနစ်တွင် ပထမဆုံးယာဉ်မောင်းအမျိုးသမီးတစ်ဦးဖြစ်လာပါသည်။ ယခင် မထသစနစ်၌ ၄၅ အဲကွန်းယာဉ်လိုင်းအဖြစ် ခရီးသွားများအသိများခဲ့သော အဆိုပါဘတ်စ်ကားအများစုသည် အမျိုးသမီးယာဉ်အကူများအား ယခင်ကလည်း ခန် ့အပ်ခဲ့ဖူးပါသည်။

အမှတ် ၂၁ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်ကိုတရုတ်လေးက “ယာဉ်မောင်းအဖြစ် ပထမ ဆုံး စပြီးစမ်းသပ်ထည့်သွင်းလိုက် တဲ့သဘောပါ။ သူက ကျွန်တော် တို့

ဘတ်စ်ကားနဲ့ စိမ်းတဲ့သူတစ် ယောက်တော့မဟုတ်ဘူး။ အရင် ယာဉ်နောက်လိုက်အဖြစ် ကျွန် တော်တို့ ကားမှာလုပ်ခဲ့ဖူးတယ်။ ပြီးတော့ သူ့ကို ကားမောင်း

သင် ပေး၊ လိုင်စင်လျှောက်ပေးပြီး ကျောင်းဖယ်ရီကားကို ပေးမောင်း ထားခဲ့တာ။ အခု ဘတ်စ်ကား မောင်းနှင်မှု ကျွမ်းကျင်လာတာ ကြောင့် ဘတ်စ်ကားလိုင်းထဲ ဝင် ဆွဲစေခဲ့တာပါ။ နောက်ပိုင်းလည်း အမျိုးသမီးယာဉ်မောင်းတွေ ထပ် ပြီးထည့်သွင်းဖို့ကိုလည်း ရည်ရွယ်ထားပါတယ်”ဟုပြောကြားပါသည်။

အမျိုးသမီးယာဉ်မောင်း၏ လုပ်အားခကို ထုတ်ဖေါ်ပြောကြားခြင်း မရှိသော်လည်း အမျိုးသားယာဉ်လုပ်သားများနှင့် တန်းတူပေးထားကြောင်း ကိုတရုတ်လေးက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထုတ်ဖေါ်ပြောကြားထားသည့်အတိုင်း YBS စနစ်တွင် အမျိုးသမီးယာဉ်လုပ်သားများကို အမျိုးသားများနည်းတူ နေရာပေး

မည်ဖြစ်ပြီး အများပိုင် ဘတ်စ်ကားကုမ္ပဏီအချို ့ကလည်း ယာဉ်မောင်းများခေါ်ယူရာတွင် အမျိုးသား အမျိုးသမီး ခွဲခြားမှုမရှိဘဲ ခေါ်ယူလျက်ရှိပါသည်။

သို် ့သော် လက်ရှိတွင် ယာဉ်မောင်းခေါ်ယူရာတွင် အမျိုးသားများသာ လာရောက်လျှောက်ထားမှု ရှိနေသေးကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့်

သက်ဆိုင်သော ကုမ္ပဏီတာဝန်ရှိသူက ဆိုပါသည်။

ဆက်လက်ပြီး ၎င်းက “အမျိုးသမီးဆိုပေမယ့် လည်း ကျွမ်းကျင်မှုရှိမယ်။ သတ် မှတ်ထားတဲ့ ယာဉ်မောင်းအရည် အချင်းနဲ့လည်း ပြည့်မီမယ်ဆိုရင် အလုပ်

ခန့်သွားဖို့ရှိပါတယ်။ အခု ထိတော့ လာလျှောက်တာမတွေ့ သေးဘူး”ပြောပါသည်။

မမြတ်ရည်မွန်က “ဘတ်စ်ကားကို စမောင်းတဲ့ အချိန်မှာတော့ ခရီးသည်တွေ စောင့်ခေါ်ရတာ လမ်းကျပ်တာ မျိုး အခက်အခဲ အနည်းအကျဉ်း တော့ရှိတာပေါ့။ ဒါပေမဲ့ မောင်း၊ ရောင်းတွေက ၀ိုင်းကူညီပေးတဲ့အ တွက် အခုထိတော့ အဆင်ပြေ တယ်”ပြောသွားခဲ့ပါသည်။

Source: 7days 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။