အမျိုးသားအမျိုးသမီးတွေ အနေနဲ့ ဝိတ်သာချတယ် အစားသောက်ကိုလည်း ရှောင်နေပါလျက် ဘာကြောင့် ဝိတ်မကျတာလဲဆိုတာကိုတော့ မေးစရာပါ။ အဲလိုလုပ်လို့ မရပါဘူး နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲရင်တော့ ငွေလည်းကုန် ပြန်ကောင်းတဲ့အခါ အစားသောက်တွေကို ပိုလိုစားဖြစ်ပြီး ပိုဝစေပါတယ်။ဒါကြောင့် ဘယ်လိုလေး တွေလုပ်ရင် ဘယ်လိုလေးတွေ ဖြစ်လာမယ် စတဲ့အလေ့ထလေးတွေကို တင်ပြပေးမှာဖြစ်ပါတယ်။

Gym ကစားတဲ့အခါ ဝိတ်အလေးချိန်နံပါတ်ကို အလေးမထားပဲ နည်းစနစ်မှန်မှန်နဲ့ ပုံမှန်လုပ်သွားဖို့ အရေးကြီး ပါတယ်။ အစားသောက်ကိုလည်း လျော့စားတယ် အဓိက လျော့စားရင် ခဏတော့ အလေးချိန်ကျသွားမယ် ဒါ ပေမဲ့ပြန်စားရင် ပြန်တက်လာမှာပါပဲ။ ဒါကြောင့် အစားသောက်စားတဲ့အခါမှာလည်း အချိန်မှန် အစားမှန်ဖို့ အရေး ကြီးပါတယ်။ ထိန်းထားသမျှ အရမ်းဆာနေတဲ့အခါ လူတွေဟာ ဘာမှမကြည့်ပဲစားတတ်ကြပါတယ်။ စား မယ်ဆိုရင်လည်း မထိန်းနိုင်အောင် မစားပဲ ပုံမှန်စားပေးပါ။

သောကများခြင်း၊ စိတ်ဆင်းရဲခြင်း၊ အဆင်မပြေမှုတွေကြောင့်လည်း လူတွေဟာ အစာများကို လိုအပ်တာထက် ပိုစားတတ်ကြပါတယ်။စိတ်ပျော်ရွင်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ အိပ်ရေးမဝခြင်းကလည်း ဝိတ်တက်စေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။

အိပ်ရေးမဝရင် ဟော်မုန်းတစ်မျိုးထုတ်ပေးပြီး ဝိတ်ကိုပိုတက်စေပါတယ်။မနက်စာကိုမစားရင်(သို့မဟုတ်) ညစာ ကိုမစားရင် လည်းဝိတ်တက်စေပါတယ်။ဒါကြောင့် ဘာပဲလုပ်လုပ် နည်းနည်းစနစ်မှန်မှန်နဲ့ နေထိုင်စားသောက် ဖို့ အရေးကြီးပါတယ်။  

Source: Gym .com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။