အာစီယံဆူဇူကီးပြိုင်ပွဲအုပ်စု(က)ရဲ့နောက်ဆုံးပွဲစဉ်တွေကိုမနက်ဖြန်ည(၇)နာရီမှာယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။အုပ်စု(က)မှာတော့မြန်မာအသင်းကရမှတ်၇မှတ်ရရှိထားပြီးဗီယက်နမ်အသင်းကိုရမှတ်တူသွင်းဂိုးအရေတွက်နဲ့အုပ်စုထိပ်ဆုံးဖြစ်နေရတာပါ။မလေးရှားအသင်းကလည်းအုပ်စုတတိယနေရာကနေ၆မှတ်ရရှိထားတာဖြစ်ပါတယ်။ဒါကြောင့်မနက်ဖြန်နောက်ဆုံးပွဲချိန်တွေကတော့မိနစ်တိုင်းမှာအုပ်စုတက်ဖို့အတွက်အရေးပါနေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာမနက်ဖြန်မှာမလေးရှားအသင်းရဲ့အဝေးကွင်းမှာရင်ဆိုင်ကစားမှာဖြစ်ပါတယ်။မြန်မာအသင်းဟာသရေတစ်မှတ်ရတာနဲ့အုပ်စုအဆင့်ကျော်ဖြတ်နိုင်မှာဖြစ်ပြီးမလေးရှားအသင်းကတော့မြန်မာနဲ့ပွဲမှာအနိုင်ရမှဖြစ်မှာပါ။မလေးရှားအသင်းကတော့ဗီယက်နမ်အသင်းကို၂ဂိုးပြတ်နဲ့ရှုံးနိမ့်ထားတာဖြစ်ပြီးမြန်မာအသင်းကသရေရလဒ်ထွက်ပေါ်ထားတာဖြစ်ပါတယ်။

မြန်မာအသင်းကလက်ရှိအချိန်မှာစိတ်ဓာတ်ပိုင်းဆိုင်ရာအမြင့်ဆုံးဖြစ်နေပြီးကစားသမားတွေကအနိုင်ရလဒ်ယူဆောင်ဖို့အဆင်သင့်ဖြစ်နေတာပါ။ပရိတ်သတ်၇သောင်းကျော်ဆန့်တဲ့ကွင်းကြီးမှာယှဉ်ပြိုင်ရမှာဖြစ်တာကြောင့်ပရိတ်သတ်ဖိအားတွေရှိနိုင်ပေမယ့်လည်းသန်း၆၀သောပရိတ်သတ်တွေကလည်းအမိမြေကနေအားပေးနေမှာဖြစ်တာကြောင့်ကစာသမားတွေအတွက်အားတစ်ခုဖြစ်လာမှာပါ။ပရိတ်သတ်တွေလိုချင်နေတဲ့အောင်မြင်မှုရဲ့လက်တစ်ကမ်းကအတားဆီးတစ်ခုကိုဘယ်လိုဖြတ်ကျော်ပြီးဆီမီးဖိုင်နယ်တက်ရောက်သွားနိုင်မလားဆိုတာတော့နက်ဖြန်ည(၇)နာရီမှာမျိုးချစ်စိတ်အပြည့်နဲ့အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။