လူမည်း လူဖြူ ဆိုပြီး အသားအရောင်ခွဲခြားကြတဲ့ အယူသည်းမှုကြီးဟာ အနောက်နိုင်ငံတွေမှာလည်း ပိတ်ပင်ပေးလိုက်ပြီဖြစ်ပေမယ့် အနည်းနဲ့အများတော့ အသားမည်းသူတွေဟာ အနှိမ်ခံ အစခံအနောက်ခံဘဝနဲ့ နေထိုင်နေရသေးတာပဲဖြစ်ပါတယ်။

ဒါပေမယ့် အသားမဲတာဟာ ရှက်စရာမဟုတ်သလို အသားမည်းသူလေးတွေဟာလည်း ဖြူဝင်းတဲ့အသားအရေပိုင်ဆိုင်ထားတဲ့ ကိုလူချောလေးတွေပိုင်ဆိုင်နိုင်ပါတယ်ဆိုတာကို အမျိုးသမီးလေးတစ်ဦးကသက်သေပြခဲ့ပါတယ်။  

သူမရဲ့နာမည်ကတော့ Nikki Perkins ဖြစ်ပြီး သူမဟာ Austrila နိုင်ငံက social media star တစ်ဦးပဲဖြစ်ပါတယ်။

သူမဟာ Africa သွေးရောစက်တာကြောင့် မွေးထဲက မဲပြာနေတဲ့အသားအရေကိုပိုင်ဆိုင်ထားခဲ့တာကြောင့် အစအနောက်ခံခဲ့ရပေမယ့် မင်းသားတစ်ယောက်လိုချောမောလှပတဲ့ Jamine နဲ့ချစ်ကြွမ်းဝင်ပြီး လပ်ထပ်ထိမ်းမြားနိုင်ခဲ့ပါတယ်။ 

သူတို့နှစ်ယောက်လက်ထပ်ချိန်ကဆိုရင် ကောင်းချီးပေးသူတွေလည်းရှိကြပေမယ့် တချို့သူတွေကတော့ သူတို့နှစ်ယောက်ကို လုံးဝမလိုက်ဖက်ဘူးဆိုပြီး MeMe တွေလုပ်ကာ ဝိုင်း Trool ခဲ့ကြပါတယ်။

သူတို့တင်တဲ့ ဗီဒီယိုတွေအောက်မှုာဆိုရင်လည်း တိုက်ခိုက်တဲ့သူတွေများစွာရှိခဲ့သလို ဆဲရေးတိုင်းထွာတဲ့သူတွေပါရှိခဲ့ပါတယ်။

ဒါပေမယ့် အချစ်နဲ့ပေါင်းဖက်ခွင့်ရတဲ့အချိန်မှာ မည်သို့သော ဝေဖန်တိုက်ခိုက်မှုကိုမှခေါင်းထဲမထည့်ခဲ့တဲ့ Nikki တို့ဇနီးနောင်နှံကတော့ အခုဆိုရင် Ava Sarah Perkins ဆိုတဲ့ ရင်သွေးလေးတစ်ဦးကိုတောင်ပိုင်ဆိုင်ထားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ပရိသတ်တွေလည်း မိမိရဲ့အားနည်းချက်ကို ဝေဖန်တိုက်ခိုက်ပြီး ပုတ်ခတ်လာသူတွေရဲ့စကားကိုခေါင်းထဲမထည့်ဘဲ ကိုယ့်ဘဝအတွက်ကောင်းမွန်အောင်ကြိုးစားခဲ့တဲ့ Nikki ရဲ့စိတ်ဓာတ်လေးကိုအားမကျကြဘူးလား။ 

source - Brightside

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။