ဂေါ်ရီလာ မျောက်ဝံတွေဆိုတာကတော့ ကမ္ဘာပေါ်မှာ မျိုးတုန်းပြောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ရှားပါးသတ္တဝါတွေပဲဖြစ်ပါတယ်။

လက်ရှိကမ္ဘာပေါ်မှာဆိုရင်လည်း ဂေါ်ရီလာမျောက်ဝံ အကောင်ရေဟာ အနည်းငယ်သာရှိတော့သလို ကျန်ရှိနေတဲ့မျောက်ဝံတွေကိုလည်း မျိုးတုန်းပြောက်ကွယ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်မှုတွေပြုလုပ်နေကြတာပဲဖြစ်ပါတယ်။

ဒါပေမယ့် ဝမ်းသာစရာသတင်းလေးတစ်ခုလို့ဆိုရလောက်အောင်ပင် လွန်ခဲ့တဲ့ ရက်အနည်းငယ်မှာတော့ မော်စကိုက တိရိစ္ဆာန်ရုံတစ်ခုမှာ မျိုးဆက်သစ်ဂေါ်ရီလာပေါက်လေးတစ်ကောင်မွေးဖွားခဲ့ပါတယ်။

ဒီမျောက်ဝံမလေးကိုမွေးဖွားခဲ့တာကတော့ ဂျာမနီတိရစ္ဆာန်ရုံက အသက် ၂၃ နှစ်အရွယ် ကီရာနဲ့ ဆွစ်ဇာလန်တိရိစ္ဆာန်ရုံက အသက် ၂၀ အရွယ် ဗစ်ဇူရီ တို့ပဲဖြစ်ပါတယ်။ 

ဒီမြောက်ဝံမလေးကတော့ ယခုဆိုရင် ၁၀ ရက်သားအရွယ်လေးသာရှိပြီး အလေးချိန် ၁ ကီလိုဂရမ်ခွဲ နဲ့ အရပ်ကတော့ ၄၀ စင်တီမီတာလောက်မြင့်ပါတယ်။

မျိုးတုန်းပြောက်ကွယ်လုနီးပါးအခြေအနေကနေ မွေးဖွားလာတဲ့ ဒီဂေါ်ရီလာမျောက်ဝံပေါက်လေးကိုတော့ တာဝန်ရှိသူတွေဟာ ဂရုတစိုက်နဲ့ ထိန်းသိမ်းစောင့်ရှောက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။