မနက်ဖြန်မှာယှဉ်ပြိုင်ကစားမယ့်မလေးရှားအသင်းနဲ့မြန်မာအသင်းတို့ရဲ့ပွဲစဉ်ရဲ့သတင်းစာရှင်းလင်းပွဲကိုတော့ဒီနေ့အစောပိုင်းကမလေးရှားနိုင်ငံမှာပြုလုပ်ခဲ့ပါတယ်။နက်ဖြန်ကစားမယ့်ပွဲကတော့နှစ်သင်းလုံးအတွက်ဆီမီးဖိုင်နယ်တက်ဖို့အတွက်ရေကုန်ရေပန်းကြိုးစားရတော့မှာဖြစ်ပါတယ်။ပရိတ်သတ်၇သောင်းကျော်ရဲ့အားပေးမှုတွေနဲ့တူတူနောက်ဆုံးမိနစ်တွေအထိတိုက်ပွဲဝင်ရတော့မှာဖြစ်ပါတယ်။

မြန်မာအသင်းရဲ့နည်းပြချုပ်ကတော့ပွဲတိုင်းမှာမတူညီတဲ့နည်းဗျူဟာတွေနဲ့လူထုတ်လာတာတွေကြောင့်မလေးရှားနဲ့ပွဲမှာလည်းလူထုတ်ပုံကိုပရိတ်သတ်တွေစိတ်ဝင်စားနေကြတာပါ။ဒီနေ့သတင်းစာရှင်းလင်းပွဲမှာတော့မြန်မာနည်းပြချုပ်ကြီးက" ပွဲပန်းမှုဒဏ် မရှိသလို အသင်းမှာ ပွဲပယ်၊ ဒဏ်ရာရ ကစားသမားလည်း မရှိပါဘူး။ ကစားသမား ၂၃ ဦးစလုံး လန်းဆန်းတက်ကြွနေကြပြီး မနက်ဖြန် ပွဲအတွက် အသင့်ဖြစ်နေမှာပါ။ မလေးရှား ပရိသတ်တွေ ကွင်းအပြည့်အားပေးကြမှာ ဖြစ်တဲ့အတွက်လည်း ကျွန်တော်တို့မှာ ဖိအားရှိမနေပါဘူး။ ဘောလုံးပွဲတစ်ပွဲမှာ ပရိသတ်အများကြီးရှေ့မှောက် ကစားရတာ ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့ ကစားသမားတွေကို စိတ်ဓတ်ခွန်အား အမြင့်ဆုံးဖြစ်အောင်ရော ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာဖို့ရော ကြိုးစားထားပါတယ်။ မနက်ဖြန်မှာ ရလဒ်ကောင်း ရရှိဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။"ဆိုပြီးပြောကြားခဲ့တာပါ။ 

မလေးရှားနည်းပြချုပ်ကလည်း" မြန်မာအသင်းဟာ လက်ရှိအုပ်စုမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အသင်းကောင်း တစ်သင်းပါ။ ကစားပုံ ကျစ်လစ်ပြီးတော့ တန်ပြန်တိုက်စစ်နဲ့ မြန်မြန် ကစားတတ်တယ်။တစ်ဦးချင်းလည်း အရည်အချင်းရှိတဲ့ ကစားသမားတွေနဲ့ ဖွဲ့စည်းထားလို့ မနက်ဖြန်ပွဲဟာ ကျွန်တော်တို့အတွက် ခက်ခဲပါမယ်။ ကွင်းလုံးအပြည့် အားပေးမယ့် ပရိသတ်တွေကြောင့်လည်း မနက်ဖြန်ပွဲဟာ တကယ့်ကို စိတ်ဝင်စားစရာ အပြည့်နဲ့ ပွဲကြီးပွဲကောင်း ဖြစ်သလို ကစားသမားတွေ အတွက်လည်း အကောင်းဆုံး စိတ်ဓာတ်မြှင့်တင်ပေးခြင်း ဖြစ်ပါတယ်"ဆိုပြီးပြောသွားခဲ့တာပါ။မနက်ဖြန်ည(၇)နာရီမှာကစားမယ့်မလေးရှားအသင်းနဲ့မြန်မာအသင်းတို့ပွဲစဉ်ကိုလည်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။