အချစ်ဟာ လူတိုင်းအတွက် အသုံးဝင်ပါတယ် ၊ကျန်းမာရေးလူမှုရေး ကစအချစ်နဲ့ တည်ဆောက်လိုက်ရင် အရာရာအဆင်ပြေစေမှာဖြစ်ပါတယ်။မိတ်ဆွေသူငယ်ချင်း ရည်းစား၊ အိမ်ထောင်ဖက် စတဲ့အရာတွေအားလုံး ကအချစ်နဲ့ တည်ဆောင်ထားတာမလား။ ကိုယ်ကအရမ်းချစ်ပါလျက်နဲ့ သို့မဟုတ် ကိုယ်အိမ်ထောင်ဖက်က ဖောက် ပြန်သွားတာပဲဖြစ်ဖြစ် ကိုယ်ပဲခံရတာလေ၊ ကိုယ်ပဲမျက်ရည်ဝိုင်းခဲ့ရတာမဟုတ်လား။ 

ဒီတော့ နှလုံးသားရေးနဲ့ပတ်သက်ပြီး ချစ်တဲ့သူကစွန့်ခွာသွားလို့ အသည်းခွဲခံရတဲ့ သူတစ်ယောက်ဟာ ကျန်းမာရေးနဲ့ ဆက်စပ်လို့ နေပါတယ်။ခေါင်းကိုက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ခန္ဓာကိုယ်အနှံနာကျင်ကိုက်ခဲခြင်း၊ စိတ်ဓာတ်ကျပြီး ဝေဒနာတွေကလည်း တစ်ယောက်နဲ့တစ်ယောက်တူနေနိုင်မှာမဟုတ်ပါဘူး။အသည်းခွဲခံရတဲ့သူတွေဟာ အစားစာချင်စိတ်ကို လုံးဝမဖြစ်ပေါ်တော့ပဲ ဖြစ်တတ်ပါတယ်။ တစ်ချို့ကတော့ အစားစာကိုပဲ ပိုမို စားတတ်ကြပါတယ်။ဒါကြောင့် အသဲကွဲတဲ့သူများဟာ ဝလာတယ် သို့မဟုတ် ပိန်ချုံသွားတတ်ပါတယ်။

အသည်းကွဲခြင်းနှင့်အတူ စိတ်ကျဝေဒနာ စိတ်ဖိစီးမှုတွေများပြီး အမျိုးသမီးတွေဆိုရင် ဓမ္မတာလာချိန်ကိုတောင် ပြောင်းလဲပစ်လိုက်နိုင်ပါသတဲ့။ဒီစိတ်နဲ့ပဲ သွေးလှည့်ပတ်မှုကိုလည်း အနှောက်ယှက်ဖြစ်စေပြီးအိပ်မပျော်ခြင်း၊ ဝမ်းနည်းပူဆွေးခြင်း၊ တို့အပြင် ခုခံအားတွေပါလျော့နည်းလာတတ်ပါတယ်။စိတ်ဖိစီးမှုကြောင့်ဆံပင်ကျွတ်ခြင်း၊ အလုပ်မှာမပျော်ရွင်ခြင်း၊ အာရုံစူးစိုက်၍ မရတော့ခြင်း၊ တစ်ယောက်တည်းနေပြီး လူတွေနဲ့နေရတာမပျော် တော့ပဲ ပတ်ဝန်းကျင်နဲ့ သီးသန့်ဖြစ် လာတတ်ကြပါတယ်။ 

Source: Dr khine Moe Moe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။