မြန်မာ့လက်ဝှေ့လောကထဲမှာ နာမည်တစ်လုံးရရှိဖို့ဆိုတာလွယ်ကူတဲ့အရာမဟုပ်ဘူးဆိုတာအားလုံးသိလောက်မယ်ထင်ပါတယ်။ မြန်မာ့လက်ဝှေ့သူရဲကောင်းများစွာထွက်ပေါ်ခဲ့ပြီး ပြည်ပလက်ဝှေ့ဖိုက်တာများစွာကြောက်ခဲ့ရတဲ့ သူရဲကောင်းတွေလည်း ထွက်ပေါ်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ မြန်မာ့လက်ဝှေ့ချန်ပီယံသူရဲကောင်းတွေထဲမှာ ထွန်းထွန်းမင်းကတော့ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။  

ထိုးသတ်မှုသက်တမ်းရင့်သူတစ်ဦးဖြစ်သလို လက်ဝှေ့အမွေအဖြင့် ညီဖြစ်သူကိုလည်း လက်တွဲခေါ်ယူနေသူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ ထွန်းထွန်းမင်းကတော့ ညီဖြစ်သူ ထွန်းမင်းက်ကို မြန်မာ့လက်ဝှေ့ပညာတွေသင်ကြားပေးနေပြီး လက်ရှိပြည်တွင်းပြည်ပနိုင်ငံများတွင် နာမည်ရဖိုက်တာတစ်ဦးလည်းဖြစ်နေတာတွေ့ရပါတယ်။ ထွန်းမင်းလက်ကတော့ မြန်မာ့လက်ဝှေ့အငယ်တန်းပွဲတွေမှာ အကောင်းဆုံးထိုးသတ်နေပြီး မြန်မာထိုင်းပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ထိုးသတ်နေသူတစ်ဦးလည်းဖြစ်ပါတယ်။  

မကြာသေးမီက ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ ထွန်းမင်းလက်နှင့် ကျော်ထက်တို့ပွဲမှာ ညီဖြစ်သူရဲ့ အနိုင်ရရှိမှုနဲ့ပတ်သက်ပြီး ထွန်းထွန်းမင်းကတော့ ဆက်လက်ကြိုးစားဖို့လိုအပ်နေသေးကြောင်း ပြောကြားထားတာတွေ့ရပါတယ်။ အဆိုပါ ထိုးသတ်မှုဗီဒီယိုဖိုင်ကိုကြည့်ရှု့ပြီး ထွန်းထွန်းမင်းကတော့ "ညီလေးအမျာကြီးကြိုစားရအုံမယ်အနိုင်ကိုမပျော်ပါနဲအုံး" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ နောင်တချိန်မြန်လက်ဝှေ့လောကမှာ ရေပန်းစားလာမယ့် ထွန်းထွန်းမင်းရဲ့ညီဖြစ်သူ ထွန်းမင်းလက်ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေကြည့်ရှု့နိုင်ဖို့မျှဝေပေးလိုက်ပါတယ်။

video - Tun Min Tun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။